အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် အသင်းခွဲခေါင်းဆောင်များ စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

  20/ Mar/ 2022

မ​ကွေး၊ မတ်လ (၂၀) ရက် ။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အသင်းခွဲခေါင်းဆောင်များ စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်ပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့ နံနက်၉နာရီက မကွေးမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ပါမောက္ခ ဒေါက်တာချောခင်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို မတ်လ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။