ရှမ်းပြည်နယ်တောင်ပိုင်းနေရပ်စွန့်ခွာစခန်းများတွင် ကြက်ခြေနီက သောက်ရေနှင့် သုံးရေများ ဆက်လက်ဖြန့်ဝေပေးလျက်ရှိ

  22/ Feb/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ WASH ယူနစ်မှ ရှမ်းပြည်နယ်တောင်ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ပူးပေါင်းကာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (16)ရက်နေ့မှစတင်ပြီး တောင်ကြီးမြို့နယ်ရှိ နေရပ်စွန့်ခွာစခန်း (41)ခုမှ ပြည်သူပေါင်း (8356)ဦးအတွက် အရေးပေါ်လိုအပ်သည့် သောက်ရေ၊သုံးရေများကို ဝယ်ယူဝေငှပေးလျက်ရှိရာ တစ်ရက်လျှင် လူတစ်ဦးအတွက်(15)လီတာနှုန်းဖြင့် လျာထားဖြန့်ဝေပေးလျက်ရှိနေပါသည်။