ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် အသင်းပိုင်ဗဟိုကြက်ခြေနီသိုလှောင်ရုံ (RC) ၃-ထပ်တိုးချဲ့အဆောက်အဦ ဆောက်လုပ်ရန် “စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ” တင်သွင်းနိုင်ရန် ဖိတ်ခေါ်ခြင်း။

  07/ Aug/ 2024

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံဒေသအနှံ့တွင် လူမှုကရုဏာလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ကူညီထောက်ပံ့နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘေးဒဏ်အမျိုးမျိုးကြောင့် ထိခိုက်ခံစား ရသောရပ်ရွာလူထုများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကယ်ဆယ်ရေးပစ္စည်းများ ပိုမိုထိရောက်စွာပံ့ပိုးပေးခြင်းဖြင့် လူသားချင်းစာနာ ထောက်ထားမှုအထောက်အပံ့များ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအတွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အတွေ့အကြုံရှိသည့် ကန်ထရိုက်တာများအား အသင်းပိုင်ဗဟိုကြက်ခြေနီသိုလှောင်ရုံ (RC) ၃-ထပ်တိုးချဲ့အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် “စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာနှင့် နည်းပညာဆိုင်ရာကန်ထရိုက်တာဆန်းစစ် လွှာ” ရယူရန် ဆက်သွယ်နိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကြိုတင်ဆန်းစစ်ခြင်းမေးခွန်းများ တောင်းခံ လွှာကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ၀ယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ အမှတ်-၄၂၊ ကမ်းနားလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ်- ၀၉ ၄၂၀၀၉၇၄၀၉ သို့ ၂၀၂၄-ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်နံနက်(၁၀:၀၀)နာရီမှစတင်ထုတ်ယူနိုင်ပြီး ကြိုတင်ဆန်းစစ်ခြင်း မေးခွန်းလွှာဖြေဆိုမှုများနှင့် အထောက်အထား စာရွက်စာတမ်းများကို ၂၀၂၄-ခုနှစ်၊ ဩဂုတ်လ၊ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန်ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ ဖော်ပြပါလိပ်စာသို့ တံဆိပ်ခတ်ထားသည့် စာအိတ်ဖြင့် ပေးပို့ရမည်ဖြစ်ပါသည်။