|
ဗမာစာ
English
RMS
Contact
Us
Toggle navigation
Home
ပင်မ
ကျွန်ုပ်တို့သည်
သမိုင်းကြောင်း
မျှော်မှန်းချက်၊ လုပ်ဆောင်ချက်နှင့် တန်ဖိုးထားမှုများ
(၂၀၂၁-၂၀၂၅) ပန်းတိုင်များနှင့်မဟာဗျူဟာ
မြန်မာနိုင်ငံအကြောင်းသိကောင်းစရာ
Structure & Management
မိတ်ဖက်အဖွဲ့အစည်းများ
What We Do
ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု
First Aid & Safety Services
Health Care
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်
မိသားစုပြန်လည်ဆက်သွယ်ပေးရေး
ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေး မြှင့်တင်မှု
ပူးပေါင်းပါဝင်ခြင်း
Give Blood and MRCS Products
ကြက်ခြေနီစေတနာလုပ်အားရှင်များ
News and Media
ရုပ်သံ
ကြက်ခြေနီလှုပ်ရှားမှုများ
Publications
ကိုဗစ်-၁၉ အချက်အလက်များ
ရုပ်သံ နှင့် သတင်းများ
အသိပညာပေး ထုတ်ဝေမှုများ
ကိုဗစ်-၁၉ ဒက်ရှဘုတ်
လှူဒါန်းမှုစာရင်းနှင့် အစီရင်ခံစာ
သတင်းနှင့်ထုတ်ပြန်ချက်များ
ရုပ်သံ
ကြက်ခြေနီလှုပ်ရှားမှုများ
Publications
ကိုဗစ်-၁၉ အချက်အလက်များ
ရုပ်သံ နှင့် သတင်းများ
အသိပညာပေး ထုတ်ဝေမှုများ
ကိုဗစ်-၁၉ ဒက်ရှဘုတ်
လှူဒါန်းမှုစာရင်းနှင့် အစီရင်ခံစာ
အလုပ်လျှောက်ထားခြင်း
Donate
လှူဒါန်းခြင်း
Mocha Response
ရုပ်သံ နှင့် သတင်းများ
အသိပညာပေး ထုတ်ဝေမှုများ
မိုခါ ဒက်ရှဘုတ်
လှူဒါန်းမှုစာရင်းနှင့် အစီရင်ခံစာ
Home
⁄
ကြက်ခြေနီလှုပ်ရှားမှုများ
⁄
မြန်မာနိုင်ငံကြက်ခြေနီအသင်းက မင်းတပ်မြို့နယ်ရှိ အကူညီလိုအပ်ဆုံးသော ရပ်ရွာလူထုများအတွက် လူသားချင်းစာနာမှုအကူအညီများပေးအပ်
မြန်မာနိုင်ငံကြက်ခြေနီအသင်းက မင်းတပ်မြို့နယ်ရှိ အကူညီလိုအပ်ဆုံးသော ရပ်ရွာလူထုများအတွက် လူသားချင်းစာနာမှုအကူအညီများပေးအပ်
24/ Mar/ 2024
တကယ်လိုအပ်တဲ့နေရာကရပ်ရွာလူထုထံ ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့အတွက် ကျွန်ုပ်တို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြက်ခြေနီအခြေခံမူတွေနဲ့အညီ အစဥ်အမြဲကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းအော့ကျေးရွာ၊ ဖွီကျေးရွာ၊ တောင်ပုလုဘုန်းတော်ကြီးကျောင်းနှင့် Baptist Church တို့မှာရောက်ရှိနေကြတဲ့ အကြောင်းအမျိုးမျိုးကြောင့်ထိခိုက်ခံစားရသည့်အိမ်ထောင်စု (၁၆၈)စုအတွက် လိုအပ်နေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြီးခဲ့တဲ့ မတ်လ(၂၀)ရက်နေ့က အဆိုပါအိမ်ထောင်စုများ လက်ဝယ်အရောက် အသင်းဌာနချုပ်မှ တာဝန်ရှိသူများနဲ့ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
ထောက်ပံ့ကူညီရာမှာ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း (၁၃၉)အိတ်၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်း (၁၃၈)အိတ်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း (၅)အိတ်၊ ကလေးများအတွက်စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်းအိတ်(၆၄)အိတ်၊ မွေးကင်းစကလေးသုံးပစ္စည်း(၅၂) အိတ်၊ ကလေးဝတ်အင်္ကျီထုပ်(၆၆)ထုပ်၊ ခြင်ထောင် (၁၆၈)၊ စောင်(၁၆၈)ထည်၊ တာပေါ်လင်(၁၀၇)စ၊ ဆီ(၁လီတာဘူး)၃၃၆ဘူး၊ ဆား(၁၆၈)ထုပ်၊ ငါးခြောက်အထုပ်ငယ်(၁၆၈)ထုပ်၊ ပဲ(၁၆၈)ထုပ် တို့ကိုထောက်ပံ့ကူညီခဲ့တာဖြစ်ပါတယ်။
ဒီလိုကူညီခဲ့တာက သူတို့လိုအပ်ချက်အတွက် အပြည့်အဝမဟုတ်သည့်တိုင်သူတို့အတွက်များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ယခုလိုမျိုး လိုအပ်တဲ့နေရာတွေအထိသွားရောက်ပြီး ထိရောက်တဲ့ အကူအညီတွေ ဆက်လက်ပေးနိုင်ဖို့အတွက် လည်း စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်။
Facebook
Twitter
LinkedIn