ဖားကန့်မြို့နယ် ရဝမ် IDPcamp သို့ရောက်ရှိလာသည့် နေရပ်စွန့်ခွာ အိမ်ထောင်စုများအား ကြက်ခြေနီက ကူညီထောက်ပံ့

  23/ Feb/ 2022

ဖားကန့်၊ ဖေဖော်ဝါရီလ (၂၃)ရက်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၉ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရဝမ်IDP Camp သို့ ရောက်ရှိလာသည့် နေရပ်စွန့်ခွာအိမ်ထောင်စု (၁၃)စုမှ လူဦးရေ (၅၅)ဦးအတွက် အရေးပေါ်လိုအပ်လျက်ရှိသော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၃ )စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၃)စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၃)စုံ၊ မီးဖိုချောင်သုံးပစ္စည်း (၁၃)စုံ၊ စောင် (၂၆ )ထည်၊ ခြင်ထောင် (၂၆)လုံးနှင့် Wheel chair တစ်ခုတို့ကို ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ တာဝန်ရှိသူများ၊ စေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။