လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် လှုပ်ရှားဆောင်ရွက်နေသူများအား ဂုဏ်ပြုသောအားဖြင့် ဩဂုတ်လ (၁၉) ရက်နေ့ကို ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး၊ အခက်အခဲများကြားမှ ဆက်လက်၍ လိုအပ်နေသော လူများအား အသက်ကယ်ဆယ်ရေးနှင့် လိုအပ်သော ကူညီထောက်ပံ့ပေးနိုင်ရန် ကူညီပေးနေသော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသူများအားလုံးကို ဂုဏ်ပြုအပ်သောနေ့လည်းဖြစ်ပါသည်။