မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ကြက်ခြေနီစေတနာလုပ်အားရှင်များ အခြေပြု၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ကြုံတွေ့ရသော ဘေးဒုက္ခများတွင် ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်းများတွင် နေ့မအား၊ ညမနား ပါဝင်ခဲ့ပြီး မည်သည့် အရေးပေါ်အခြေအနေတွင်မဆို ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများ ဖြစ်သည်။
စေတနာလုပ်အားရှင်တစ်ဦးဖြစ်ရခြင်း အကျိုးများ
လိုအပ်သည့်နယ်ပယ်
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အသင်း၏ လူမှုကရုဏာလုပ်ငန်းများ တွင်ပါဝင်ဆောင်ရွက်လိုသူတိုင်းကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ ဆရာဝန်များ၊ သူနာပြသားဖွားသင်တန်းဆင်းများ၊ အင်ဂျင်နီယာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲခြင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆရာ/ဆရာမများ၊ ကွန်ပျုတာကျွမ်းကျင် ပညာရှင်များ၊ အနုပညာသည်များ၊ ဘာသာပြန်ကျွမ်းကျင်သူများ စသောကဏ္ဍအသီးသီးတွင် တက်ကျွမ်းသော ပညာရှင်များကို လူမှုကရုဏာလုပ်ငန်းများ ပါဝင်ဆောင်ရွက်ရန် အလေးထားဖိတ်ခေါ်ပါသည်။
အသင်းဝင်ဖြစ်ရန် မည်သို့ဆောင်ရွက်ရမည်နည်း။
စေတနာလုပ်အားရှင်အဖြစ် ဆောင်ရွက်လိုပါက lynnlynnthet@redcross.org.mm သို့ အီးမေးလ် ပေးပို့နိုင်ပါသည်။ မြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့်လည်း ဆက်သွယ်နိုင်ပါသည်။