ဧရာဝတီတိုင်းတွင် မြို့နယ်များ၌ COVID-19 ရောဂါကာကွယ်ရေး ကြက်ခြေနီများ ပါဝင် ကူညီလျက်ရှိ

  15/ Dec/ 2020

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် COVID-19ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ အစီအစဉ်ဖြင့် မြိုနယ်ကြက်ခြေနီ
အသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂)ဦးတို့သည် ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအဖွဲ့နဲ့အတူ လှည်းဆိပ်ဈေးအတွင်း၊ ဈေးပြင်ပနှင့် အဝေးပြေးကားလမ်း တစ်လျှောက်တို့တွင် လက်များစနစ်တကျဆေးနိုင်ရန်ကူညီခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ အသိပညာပေးခြင်းတို့ကို ဒီဇင်ဘာလ ၁‌၅ ရက်နေ့က ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ထို့အတူ ဟင်္သာတမြို့ ဝင်/ထွက်ဂိတ်များ၌
ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ရေးမှတ်ခြင်းတွေကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး
အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မ.စ.က အဖွဲ့ဝင်များနဲ့အတူ ဟင်္သာတခရိုင်/မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦး တို့က ပူးပေါင်း ကူညီဆောင်ရွက်နေကြပါတယ်။