လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် ၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

  17/ Dec/ 2020

ဒီဇင်ဘာလ ၁၇ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ဝင်ဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ဝေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို အသိပေးနှိုးဆော်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ခရီသွားရာဇဝင်များစစ်ဆေးပေးခြင်း၊ ထောက်ခံစာများစစ်ဆေးပေးခြင်းနှင့် အမည်စာရင်းများမှတ်တမ်းသွင်းပေးခြင်းတို့ကို လှိုင်းဘွဲမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်နှင့်ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့က ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။