ရန်ကုန်ဆေးရုံကြီးကိုဗစ်ကုသရေးစင်တာတွင် ပဲခူးတိုင်းဒေသကြီးကကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိ

  17/ Dec/ 2020

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ဒီဇင်ဘာလ ၁၆ရက်နေ့က စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသရေးစင်တာမှာ တစ်လတိတိ လုပ်အားပေးတာဝန်ထမ်းဆောင်ဖို့အတွက် ပဲခူးတိုင်းဒေသကြီးက ကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ရောက်ရှိခဲ့ကြပါတယ်။

အဆိုပါ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ‌ငွေကျပ်(၁၀၈၀၀၀ဝ)တို့ကိုလည်းကောင်း၊  တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ငွေကျပ်(၃၆၀၀၀ဝ)တို့ကိုလည်းကောင်း၊ သာယာဝတီခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်(၃၀၀၀၀၀) နှင့်Sport Shirtတို့ကိုလည်းကောင်း၊ ပဲခူးခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်(၂၀၀၀၀၀)တို့ကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒု-မြို့နယ်တပ်ဖွဲ့မှူးဦးအေးချိုမိသားစုမှ ငွေကျပ်(၂၀၀၀၀၀)သိန်းတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့၊ တိုင်းတပ်ဖွဲ့မှူး ဒေါက်တာနေမျိုးနှင့် တွဲဘက်အတွင်းရေးမှူးဦးသိန်းအောင်တို့က track suit၊ Scrub Suitနှင့်waist coatတို့ကိုလည်းကောင်း အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ကိုဗစ်ကုသရေးစင်တာမှာ ကိုဗစ်ရောဂါခံစားနေရတဲ့လူနာတွေကို ကူညီစောင့်ရှောက်ဖို့၊ အစားအသောက်နဲ့နေရာထိုင်ခင်းကူညီစီစဉ်ပေးဖို့နဲ့ ကျရာတာဝန်ကို လူမှုဝန်ထမ်းစိတ်အပြည့်နဲ့ ထမ်းဆောင်ဖို့ ပဲခူးတိုင်းဒေသကြီး မြို့နယ်အသီးသီးက ကြက်ခြေနီစေတနာလုပ်အားရှင် ၃၆ဦးတို့ဟာ ရန်ကုန်တိုင်းဒေသကြီးသို့ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။