မြောက်ဉီးတွင် COVID-19နှင့် ပတ်သတ်သော ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို နေ့စဉ်ရက်ဆက်ဆောင်ရွက်လျက်ရှိ

  19/ Dec/ 2020

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဉီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးမြင့်အေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်း၊ မြို့ပေါ်ရပ်ကွက်ရှိ လူအများဖြတ်သန်းသွားလာရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လက်သန့်စင်ဆေးရည်ဖြင့် အသုံးပြုစေခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ ကိုဗစ်၁၉ရောဂါ နှင့် ပတ်သတ်သော ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို နေ့စဉ် ဆောင်ရွက်လျှက်ရှိကြသည်။