မိုးကုတ်တွင် အခြေခံပညာကျောင်းများအတွက် လက်ဆေးဘေစင်လှူဒါန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ စကားပြောစက်နှင့် လူနာထမ်းစင်လှူဒါန်း

  14/ Dec/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၅)ကျောင်းသို့ လက်ဆေးဘေစင်များနှင့် လက်သန့်ဆေးရည်များ လှူဒါန်းခြင်း၊ ဒေါက်တာအောင်မြင့် နှင့် ဦးပါရာကပ်တို့မှမြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ စကားပြောစက်များ လှူဒါန်းခြင်းနှင့် ဒါနလူငယ်အဖွဲ့မှ လူနာထမ်းစင်လှူဒါန်းခြင်းတို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါလှူဒါန်းပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မြို့နယ်ပညာရေးမှူးဦးရဲမြင့်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ဦးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြပါတယ်။