မိုင်းယောင်းမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက မိုင်းယောင်းမြို့လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

  20/ Dec/ 2020

မိုင်းယောင်းမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက မိုင်းယောင်းမြို့လူစည်ကားရာနေရာတွေကနေ ဖြတ်သန်းသွားလာသူအချို့နဲ့ ဈေးတွေကို ဈေးဝယ်လာရောက်ကြသူတွေကို နှာခေါင်းစည်းတွေအခမဲ့ဖြန့်ဝေပေးတာတွေ ရောဂါကာကွယ်ရေးအသိပညာပေးတာတွေ ဆောင်ရွက်လျက်ရှိနေကြသလို ကိုဗစ်ရောဂါကြောင့် ဆေးရုံတွေမှာကုသမှုခံယူပြီး ပြန်လည်နေကောင်းကျန်းမာလာသူတွေကိုလည်း နေအိမ်များဆီသို့ အသီးသီးပို့ဆောင်ကူညီပေးလျက်ရှိနေကြပါတယ်။