မန္တလေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နဲ့ တိုင်း‌ေဒသကြီးကြက်ခြေနီတပ်ဖွဲ့တိုင်းတပ်ဖွဲ့မှူး၊ မန္တလေးခရိုင်မှမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ တွေ့ဆုံ

  08/ Dec/ 2020

ဒီဇင်ဘာလ ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးမှာ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နဲ့ တိုင်း‌ေဒသကြီးကြက်ခြေနီတပ်ဖွဲ့တိုင်းတပ်ဖွဲ့မှူး၊ မန္တလေးခရိုင်မှမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ တွေ့ဆုံကာ COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မန္တလေးခရိုင်အတွင်း COVID-19ရောဂါကူးစက်မှု လျော့နည်း‌ကျဆင်း‌ေစရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်မြှင့်လုပ်ဆောင်နိုင်ရန်၊ ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များမှ မြို့နယ်နှင့် ရပ်ကွက်များအတွင်း လှုံ့ဆော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါတယ်။

မြို့နယ်များအလိုက် COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများ ဦးဆောင်‌ေသာ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အဆက်မပြတ် ပူးပေါင်းကူညီဆောင်ရွက်နေကြပါတယ်။