မင်းဘူးတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

  09/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၉ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မြို့မဈေးဝင်းအတွင်း ဈေးဝယ်လာရောက်ကြသူများနှင့် ဈေးသူ/သားများအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများမျှဝေပေးခြင်းတို့ကို မင်းဘူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးသန်းဌေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။