ဘားအံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

  17/ Dec/ 2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံသမိတံတားစစ်ဆေးရေးဂိတ်၌ ခရီးသည်များ၏ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးထားမှုများအား ပြန်လည်စာရင်းသွင်းပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဘားအံမြို့နယ်မှ ကြက်ခြေနီတပ်ခွဲမှူး ဦးစောကျော်အဲခလိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့က ဒုံသမိတံတားပိတ်ဆို့ရှာဖွေရေးအဖွဲ့နှင့် နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။