နေပြည်တော်တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

  10/ Sep/ 2020

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ယမင်းအေး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဝင်းစိုး၊ ဇေယျာသီရိမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး၊ ပျဥ်းမနားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃၀ ဦး တို့သည် ဥတ္တရသီရိမြို့နယ်ရှိ ရွှေသဇင်စျေးနှင့် တောင်ညိုစျေး၊ ဇေယျာသီရိမြို့နယ်ရှိ လူစည်ကားရာနေရာများ၊ ကျောက်ချက်ကျေးရွာ၊ စည်ပင်သာယာကျေးရွာများနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပုဗ္ဗသီရိစျေးတို့တွင် COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။