တာချီလိတ်မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်

  13/ Dec/ 2020

တာချီလိတ်မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေက တာချီလိတ်မြို့နယ် ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်း၊ တာလော့အခြေခံပညာအလယ်တန်းကျောင်းခွဲနဲ့ ပုန်းထွန်အခြေခံပညာကျောင်းတွေမှာဖွင့်ထားတဲ့ Quarantine စင်တာတွေမှာ အစားအသောက်စီစဉ်ပေးတာတွေ၊ အတည်ပြုလူနာတွေနေထိုင်ခဲ့တဲ့အခန်းတွေကိုဆေးဖြန်းတာတွေနဲ့ ရောဂါကာကွယ်ဖို့လိုက်နာနေထိုင်ဖို့လိုအပ်တာတွေကို အသိပညာပေးနှိုးဆော်တာတွေကို ဒီဇင်ဘာလ၁၃ရက်နေ့က ဆောင်ရွက်ခဲ့ကြပါတယ်။