ဇီးကုန်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကူညီဆောင်ရွက်

  10/ Dec/ 2020

ဒီဇင်ဘာလ ၁၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဇီးကုန်းအခြေခံပညာအထက်တန်းကျောင်းမှာဖွင့်ထားတဲ့ Quarantine Center မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းခံယူကာ ရောဂါပိုးစစ်ဆေးခဲ့ပြီး ရောဂါပိုးမတွေ့ရှိခဲ့သူများအား နေအိမ်သို့ပြန်လည်ပို့ဆောင်ရာတွင် ဇီးကုန်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။