ကြက်ခြေနီစေတနာလုပ်အားရှင်များက COVID-19ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအား လိုက်လံနှိုးဆော်

  09/ Dec/ 2020

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ေရးဦးစီးဌာန၏ ညွှန်ကြားချက်အရ မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာများသော မြို့နယ်များသို့ COVID-19ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကိုမြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်လျက်ရှိပါတယ်။