ကျိုင်းတုံတွင် ကြက်ခြေနီက နှာခေါင်းစည်းများ ဖြန့်ဝေ

  12/ Sep/ 2020

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ မြို့မဈေးကြီးအတွင်းနှင့် မြို့မဈေးရှေ့ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် COVID-19 ရောဂါအသိပညာပေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုကို အသင်း အချိန်ပိုင်းအလုပ်အမှုဆောင် ဒေါက်သိန်းငွေ၊ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌဒေါ်စန်းစန်းမြင့်၊ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ် ၊ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးမြင့်နိုင်၊ ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးသိန်းထိုက် နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်း တို့ဦးဆောင်သည့် ကြက်ခြေနီစတနာလုပ်အားရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်။