ကော့သောင်းနဲ့ ပုလောက ကျေးရွာတွေမှာ COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီဆောင်ရွက်

  13/ Dec/ 2020

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဖော့သုတ်ကျေးရွာမှာ COVID-19ရောဂါကာကွယ်ထိန်ချုပ်ရေး အသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်းလုပ်ငန်းများကို ကော့သာင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း (၄၅) ဦးတို့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ထို့အတူ ပုလောမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီတပ်စုမှူး ဦးဝင်းမင်းထွန်း ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း မကျည်းကုန်းကျေးရွာအုပ်စု နတ်အိမ်ကမ်းကျေးရွာမှာ အသိပေးပညာပေးခြင်း၊ ပိုစတာများကပ်ခြင်းနဲ့ နှာခေါင်းစည်းများပေးဝေခြင်းများကို သြားရောက်ပြုလုပ်ခဲ့ကြပါတယ်။