ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများပေးဝေ

  11/ Dec/ 2020

ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ရပ်ကွက် (၇)ခုမှ ဈေးများ၊ လမ်းဆုံများ၊ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်စေခြင်းကမ်ပိန်းများပြုလုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ကော့ကရိတ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။