ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရန်ကုန်သို့ချီတက်လာပြီ

  05/ Dec/ 2020

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၁)ဦးတို့သည် လားရှိုးမြို့၊ မန်ဆူ(ရှမ်း)ကျောင်းဆရာတော်ဘုရားထံမှ မေတ္တာဓာတ်ခံယူခဲ့ကြသည်။ ထို့နောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ဥက္ကဌ ဦးဇော်ဇော်၏ လမ်းညွှန်မှုခံယူကာ ဒီဇင်ဘာလ ၅ ရက်နေ့ကလားရှိုးမြို့မှ စတင်ထွက်ခွာလာခဲ့ကြသည်။
ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင် သူရဲကောင်းကြီးများကို လက်ခုပ်တီးပြီးကြိုဆိုလိုက်ရအောင်။