21/ Aug/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး ရေဘေးသင့် ကျေးရွာများသို့ ထောက်ပံ့ပစွည်းများ သွားရောက် ထောက်ပံ့

= = = ကဝ၊ သြဂုတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဘန်ဒါ(အရိုးပုံ)ကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၁၉၅) စုနှင့် စာဖြူကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၅၀) စုတို့အား ထောက်ပံ့ပစွည်းများကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သွားရောက် ပေးအပ် ထောက်ပံ့ခဲ့ကြပါသည်။ ထောက်ပံ့ပစွည်းများအဖြစ် သောက်ရေသန့်ပစွည်း၊ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆီ၊ ငပြာရည်ကြော်/ငါးပိကြော်၊ အဝတ်အစားများနှင့် အခြားလိုအပ်သည်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးငွေရှိန်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းတပ်ဖွဲ့မှူး ဒေါက်တာ နေမျိုးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် တာဝန်ရှိသူများ၊ စင်္ကာပူကြက်ခြေနီမှ Aye Hnin Yu (Team Leader)၊ Aug Ja Jie Rex (Operation Specialist) နှင့် Ann Ong Sze Ying (Communication Officer)၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက် ထောက်ပံ့ခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ပစွည်းများကို သွားရောက် ထောက်ပံ့သွားမည်ဖြစ်သည်။

Read More

  14/ Aug/ 2018

ရေဘေးသင့်ဒေသများတွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ တစ်သိန်း လာရောက်လှူဒါန်း

= = = ရန်ကုန်၊ သြဂုတ် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုငံသံအမတ်ကြီး MR. Hong Liong မှ ရေဘေးသင့်ဒေသများရှိ အများပြည်သူအတွက် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ တစ်သိန်း (US$ ၁၀၀,၀၀၀) ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)ရှိ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး MR. Hong Liongနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ လှူဒါန်းငွေကို သံအမတ်ကြီး MR. Hong Liong မှ လာရောက်လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင်များက လက်ခံခဲ့ကြပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတဝန်းတွင်ဖြစ်ပွားခဲ့သော ရေဘေး၊ ငလျင်ဘေး စသည်တို့ကြောင့် ထိခိုက်ခံစားရသူ ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်ခဲ့သော လူမှုကရုဏာအကူအညီများအတွက် အလှူငွေများ လှူဒါန်းလေ့ရှိပြီး ယခုလှူဒါန်းမှုသည် စတုတ္ထအကြိမ်မြောက်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ယခုလှူဒါန်းသော အမေရိကန်ဒေါ်လာ တစ်သိန်း (US$ ၁၀၀,၀၀၀) ကို ရေဘေးသင့်ဒေသများရှိပြည်သူများတွက် လူမှုကရုဏာအကူအညီများ ဆောင်ရွက်ပေးရာတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။

Read More

  10/ Aug/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းက အရေးပေါ်အခြေ အနေတွင် ဖြန့်ဝေပေးသည့် စံသတ်မှတ်ထားသော ပစ္စည်းများ

= = =

မြန်မာနိုင်ငံကြက်ခြေနီအသင်းက အရေးပေါ်အခြေ အနေတွင် ဖြန့်ဝေပေးသည့် စံသတ်မှတ်ထားသော ပစ္စည်းများဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုကရုဏာ အကူအညီ လိုအပ်နေသည့် ရေဘေးသင့်ပြည်သူများအတွက် အဆိုပါပစ္စည်းများအား လှူဒါန်းလိုပါက - မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အမှတ် ၄၂၊ ၂ လွှာ၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ သို့ လူကိုယ်တိုင် လာရောက်၍ လည်းကောင်း မြန်မာကျပ်ငွေအတွက် ကမ္ဘောဇဘဏ် ငွေစာရင်းအမှတ် ၀၆၀၅၀၃၀၆၀၀၄၈၃၂၂၀၁ နှင့် အမေရိကန်ဒေါ်လာအတွက် ကမ္ဘောဇဘဏ် ငွေစာရင်းအမှတ် ၀၆၀၁၀၉၀၆၀၀၃၃၉၁၄၀၁ တို့သို့လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Credit; MRCS Logistic

Read More

  10/ Aug/ 2018

ရေဘေးကြောင့်ထိခိုက်ခံစားခဲ့ရသူ ပြည်သူများအတွက် လူမှုကရုဏာ အကူအညီများ ကြက်ခြေနီက ပေးအပ် လျှက်ရှိ

= = = ၂၀၁၈ ခုနှစ် သြဂုတ်လ (ပထမပတ်)မှ စတင်ပြီး ရေကြီး/ရေလျှံမှုဖြစ်ပွားခဲ့သော မြို့နယ်နှင့် ကျေးရွာအချို့တွင် ရေများပြန်လည်ကျဆင်းလျှက်ရှိသည်။ အချို့မြို့နယ်များတွင် ရေများ ကျဆင်း သွားပြီဖြစ်၍ ကယ်ဆယ်ရေး စခန်းအားလုံး ပိတ်သိမ်းပြီးဖြစ်ပါသည်။ သို့သော်လည်း သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အတွင်း ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ် (Depression) ၏ အရှိန်ဖြင့် မိုးအဆက် မပြတ် ရွာသွန်းမှုများကြောင့် မြစ်ရေကျဆင်းမှု နှောင့်နှေးလျှက်ရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေဘေးသင့်မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မွန်ပြည်နယ် သထုံမြို့နယ်တွင်း ရေဘေးသင့်ကျေးရွာများ၌ ပြည်သူ့ကျန်းမာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရေတွင်း/ရေကန်များကို ကလိုရင်း ဆေးခပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ကြက်ခြေနီစေတနာလုပ်အားရှင်များ သည် ဒေသတွင်းအလှူရှင်မှလှူဒါန်းသော သောက်ရေသန့်လီတာ (၂၄၀၀)ကို ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ပါသည်။ ကရင်ပြည်နယ် ဘားအံမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရေဘေး ယာယီခိုလှုံရာ စခန်း(၄)ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်၏ ရေကျသွားသောနေရာများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရေတွင်း/ရေကန် ဆေးခပ်ခြင်းလုပ်ငန်းများကို ပူပေါင်းဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မွန်၊ ကရင်၊ ပဲခူး၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ရှိ မြို့နယ်များမှ ရေဘေးသင့် အိမ်ထောင်စု စုစုပေါင်း (၁၉,၄၃၃)၊ လူဦးရေစုစုပေါင်း (၁၁၃,၂၈၁) အတွက် ထောက်ပံ့ ပစွည်းများဖြစ်သည့် တကိုယ်ရေကျန်းမာရေးသုံးပစ္စည်းစုံ (Hygiene Kit)၊ တကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ (Hygiene Parcel)၊ ဆေးစိမ်ခြင်ထောင် (Mosquito Net)၊ အမျိုးသမီးသုံးပစ္စည်းများ၊ ဓါတ်ဆားထုပ်၊ ကြိုးခွေ၊ မိသားစုသုံးပစ္စည်းစုံ (Family Kit)၊ ရေသန့်ဆေးပြား၊ စောင်၊ တူ၊ မိသားစုသုံး အိမ်ဆောက်ပစွည်း (Shelter Tool Kit)၊ တာပေါ်လင် (Tarpaulin)၊ သောက်ရေသန့်၊ မီးဖိုချောင်သုံးပစ္စည်း (Kitchen Set)နှင့် အခြားလိုအပ်သည်များ ကို ကူညီ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ Credit; MRCSEOC

Read More

  06/ Aug/ 2018

ရေဘေးသင့်ပြည်သူများအတွက် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ကူညီလှူဒါန်းနိုင်

=== မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လတ်တလောဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ထိခိုက် ခံစားရသူများအား ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုပေးခြင်း၊ ရေသန့်ဆေးပြားများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်း စသည့် လူမှုကရုဏာအကူအညီများ ပေးအပ်လျက်ရှိပါသည်။ ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေ ထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် - မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီ အရေးပေါ်ကွပ်ကဲမှု စင်တာ (MRCS EOC) အမှတ် ၄၂၊ ၂ လွှာ၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ သို့ လူကိုယ်တိုင် လာရောက်၍ လည်းကောင်း မြန်မာကျပ်ငွေအတွက် ကမ္ဘောဇဘဏ် ငွေစာရင်းအမှတ် ၀၆၀၅၀၃၀၆၀၀၄၈၃၂၂၀၁ နှင့် အမေရိကန်ဒေါ်လာအတွက် ကမ္ဘောဇဘဏ် ငွေစာရင်းအမှတ် ၀၆၀၁၀၉၀၆၀၀၃၃၉၁၄၀၁ တို့သို့လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Read More

  02/ Aug/ 2018

Myanmar Red Cross Society provides aid to flood victims

Myanmar Red Cross Society (MRCS) has been providing aid to the people in flooded areas in Mon and Kayin states, Bago and Taninthayi regions and Naypyitaw. Until 30 July, the MRCS has provided 300 hygiene parcels and 300 dignity kits to the flood victims and additionally provided rain coats, helmets and flags to the volunteers of MRCS who worked in the flood-stricken areas of Ye, Thaton, Bilin and Paung in Mon State. The MRCS also provided first aid, drinking water and ready meals as well as 400 mosquito nets, 40 family kits, 100 dignity kits for women, 2,200 water purification tablets and 400 packs of electrolyte powder to the flood affected community in the towns  of Hpa-an, Hlaingbwe, Kya-in-Seikkgyi, Myawaddy and Papun in Kayin State. Similarly, 700 hygiene parcels, 300 dignity kits for women200 sheets of tarpaulin,1,200 packs of electrolyte powder and other requirements were also provided to the flood victims in the townships of Bago, Waw, DaikU, Shwegyin and Kyaukgyi in Bago Region. MRCS also provided rescue materials, including 40 family kits, dignity kits for women, 30 sheets of tarpaulins, 500 packs of electrolyte powder for the flood-stricken damaged houses in Lewe Township in Nay Pyi Taw. Moreover, MRCS also provided safety materials to the rescue volunteers of MRCS. MRCS is providing humanitarian services, with over 250 volunteers, to the people in the flooded areas of Nay Pyi Taw, Bago, Taninthayi, Mon and Kayin States.  

Read More

  29/ Jul/ 2018

ဇူလိုင်လအတွင်းဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသူများအား ကြက်ခြေနီမှ လူမှုကရုဏာအကူအညီများပေးအပ်လျက်ရှိ 

= = = ရန်ကုန်၊ဇူလိုင်လ ၂၀၁၈-ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း တစ်နိုင်ငံလုံးအနှံ့ အထူးသဖြင့် မွန်၊ ကရင်၊ ပဲခူး၊ တနင်္သာရီနှင့် နေပြည်တော်တို့တွင် မိုးများ ရွာသွန်းပြီး မြစ်ရေများ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့ကာ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများနှင့် မြစ်၊ ချောင်းများတွင် ရုတ်တရက် ရေကြီးမှုတို့ဖြစ်ပေါ်ခဲ့ပါသည်။ * မွန်ပြည်နယ်တွင် ရေး၊ သထုံ၊ ဘီးလင်းနှင့် ပေါင်မြို့နယ်များတွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ ရေကြီး/ရေလျှံမှုဖြစ်ခြင်းတို့ကြောင့် ထိခိုက်ခံစားရသူများအား သက်ဆိုင်ရာမြို့နယ် အသီးသီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ပေါင်မြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် အိမ်အချို့ပြိုကျကာ အမိုးအကာများပျက်စီးခဲ့သည့်အတွက် ကယ်ဆယ်ရေး ပစ္စည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ပေးခဲ့ပါသည်။ ဘီးလင်းတွင် ရေဘေးကူညီကယ်ဆယ်ရေး စခန်း (၃၅)ခုဖွင့်လှစ်ထားရှိပြီး ဇူလိုင်လ ၂၈ရက် တွင် တကိုယ်ရေကျန်းမာရေးသုံးပစ္စည်း(Hygiene Parcel)(၃၀၀)၊ အမျိုးသမီးများအတွက် Dignity kit (၃၀၀) နှင့် Life Jacket (၁၀) ထည် အပါအဝင် ကြက်ခြေနီစေတနာလုပ်အားရှင် များအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် မိုးကာ၊ ဖိုက်ဘာဦးထုပ် အလံ များလည်းကြိုတင်ပြင်ဆင်ထားရှိပါသည်။ * တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ရငဲကျေးရွာအုပ်စု ကုန်းသာယာအင်းကျေးရွာတွင်ရေကြီးမှုကြောင့် အိမ်ထောင်စုပြောင်းရွှေ့ရာသို့ဒေသခံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ရေဖြူမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ပါဝင်ကူညီခဲ့ကြသည်။ * နေပြည်တော် လယ်ဝေးမြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် ရေများစတင်ဝင်နေပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ စာရင်းကောက်ယူခြင်းများ ပြုလုပ်လျက်ရှိပါသည်၊ ချောင်းနားရှိ အိမ်အချို့ ရေစီးကြောင့် မျောပါပျက်စီးကြောင်း စာရင်းရရှိပါသဖြင့် Kitchen set, Tarpaulin, Shelter tool kit များထောက်ပံ့ရန်စီစဉ်ထားရှိပါသည်။ * ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်များတွင် ရေကြီးရေလျံမှုများကြောင့် ထိခိုက်ခံစားရသူများအား နေပြည်တော်ကြက်ခြေနီသိုလှောင်ရုံ မှ Hygiene Parcel (၃၀၀) အားပေးအပ်ခဲ့ပါသည်။ ထောက်ပံ့ ပစ္စည်းများပေးအပ်ပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြတ်အေး နှင့် တာဝန်ရှိသူများတက်ရောက်ပြီး၊ ပြည်ထောင်စုဝန်ကြီးမှ ကြက်ခြေနီများစေတနာလုပ်အားရှင်များအား ရင်းနှီးစွာအားပေးနှုတ်ဆက်ပြီးလိုအပ်သည့် အကူအညီတောင်းနိုင်ရန်ပြောကြားခဲ့ပါသည်။ * ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်မြို့နယ်များတို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အနိမ့်ပိုင်းဒေသများတွင်နေထိုင်လျက်ရှိသောအိမ်ထောင်စုများသည် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့လျက်ရှိရာအဆိုပါမြို့နယ်များသို့ ကယ်ဆယ်ရေးပစ္စည်းများပေးပိုရှိပါသည်။ * ရေဘေးကယ်ဆယ်ရေး တာဝန်ထမ်းဆောင်လျက်ရှိသော ကြက်ခြေနီစေတနာ့လုပ်အားရှင်များအသုံးပြုနိုင်ရန်အတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးသုံးပစ္စည်းများအားထောက်ပံ့ပေးနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှစီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ကရင်ပြည်နယ် တို့မှ မြို့နယ် ပေါင်း (၁၁)မြို့နယ် ရှိ ရေဘေးကြောင့်ထိခိုက်ခံစားနေရသော ရပ်ရွာပြည်သူလူထုများအား ကြက်ခြေနီစေတနာလုပ်အားရှင် (၁၇၀) ကျော်ဖြင့် လူမှုကရုဏာအကူအညီများကိုကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

Read More

  29/ Jul/ 2018

ရေးဘေးကူညီကယ်ဆယ်ရေးအတွက် ကြက်ခြေနီမှ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ ဖွင့်လှစ်ဆောင်ရွက်

ရေးဘေးကူညီကယ်ဆယ်ရေးအတွက် ကြက်ခြေနီမှ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ ဖွင့်လှစ်ဆောင်ရွက် ============================== ရန်ကုန်၊ဇူလိုင်လ။ မြန်မာနိုင်ငံတဝန်းတွင်ဇူလိုင်လတတိယပတ်မှစတင်ကာ မုတ်သုံမိုးပိုမိုအားကောင်းလာခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်၊ချောင်းများတွင် ရုတ်တရက်မြစ်ရေကြီးမှုအခြေအနေများဖြစ်ပေါ်သည်။ အဆိုပါရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသော ရပ်ရွာပြည်သူလူထုအား ထိရောက်စွာ အကူအညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ ၏လမ်းညွှန်ချက်နှင့် အညီ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ( Emergency Operation Centre, EOC) အားဖွင့်လှစ်၍ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ ဦးဆောင်ကာ ထိခိုက်ခံစားရသော ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့်ချိတ်ဆက်ကာ လူမှုကရုဏာအကူအညီများပေးအပ်ဆောင်ရွက်လျက်ရှိသည်။ ရေးဘေးကြောင်းထိခိုက်ခံစားရသူပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ပူးပေါင်းပါဝင်ကူညီလှူဒါန်းနိုင်ကြပါကြောင်နှင့် လှူဒါန်းလိုသူများအနေဖြင့် - မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစင်တာ(EOC)  အမှတ်(၄၂)၊(၂)လွှာ၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ ဆက်သွယ်ရန် - ဦးအောင်သောင်းရွှေ၊ဒုတိယညွှန်ကြားရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖုန်း- ၀၉၄၃၁၅၉၇၃၇, ၀၉၆၉၅၁၂၁၃၆၇  သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။

Read More

  11/ Jul/ 2018

ကြက်ခြေနီမှ မြိတ်မြို့တွင် ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်း၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ဆုချီးမြှင့်

= = = မြိတ်၊ ဇူလိုင် မြန်မာနိုင်ငံကြက်ခြေနီအသင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ဆုချီးမြှင့် ခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဆရာဦးလှမြှင့်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဆရာဦးလှမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ကြက်ခြေနီမှ အမှတ်တရ ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစွည်းများ၊ ဆုငွေများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Credit;

Read More