23/ Apr/ 2021
22/ Apr/ 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၁ခုနှစ် ဧပြီလ ၂၂ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၄ရပ်ကွက်မှ အဆုတ်ရေဝင်လူနာတစ်ဦးအားလည်းကောင်း၊ ၃၁ရပ်ကွက်မှ အရိုးကျိုးလူနာတစ်ဦးအားလည်းကောင်း နေအိမ်များမှ ဆေးရုံသို့ အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြသည်။
21/ Apr/ 2021
21/ Apr/ 2021
21/ Apr/ 2021
21/ Apr/ 2021
21/ Apr/ 2021
21/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့မောင်ငံလမ်းဆုံတွင် လုပ်ငန်းခွင်၌ မတော်တဆပြုတ်ကျပြီး ဒဏ်ရာရသူ အမျိုးသားတစ်ဦးကို အား ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ရှေးဦးပြုစုေပးပြီး မော်လမြိုင်ဆေးရုံသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုေကာ်မတီမှ လူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့သည်။
21/ Apr/ 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဥ်းမနားမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၇)ဦးတို့သည် ပျဥ်မနားမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသော အဘိုး၊အဖွားများနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လက်သန့်ဆေးရည်နှင့်နှာခေါင်းစည်းများ ပေးဝေခြင်း တို့ကို ၂၀၂၁ခုနှစ်၊ ဧပြီလ(၂၁) ရက်နေ့မှ ဧပြီ(၂၃)ရက်နေ့အထိ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။