10/ Apr/ 2020
ရေး၊ ဧပြီ ၁၀
မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အလှူရှင်များ ပံ့ပိုးကူညီမှုဖြင့် မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးချိုမင်းလင်း၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်၊ ရေးမြို့နယ်အသင်းခွဲ ဒုတိယ ဥက္ကဌနှင့်အမှုဆောင်များ၊ ရေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဇော်လတ် ဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင် (၅၀)ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်မှ စတင်ကာ ရေးမြို့နယ်၊ ရွှေဆံတော်ဘုရားရှေ့၊ စျေးရှေ့၊ အောင်သုခရပ်ကွက်၊ ဘူတာပိုင်း၊ ချောင်းတောင်ကျေးရွာ၊ အဏ္ဏ၀ါရပ်ကွက်များရှိ ပြည်သူလူထုများအား COVID-19ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေး ပိုစတာ(၁၀၀)၊ စတစ်ကာ(၅၀) ကပ်ခြင်း၊ လက်စနစ်တကျ ဆေးနည်း သရုပ်ပြခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်(Hand Sanitizer) (၁၅၀၀)ဗူး ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ပါသည်။
09/ Apr/ 2020
ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူတက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်လျှက်ရှိရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် သင်္ကန်းကျွန်းမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့် ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
09/ Apr/ 2020
COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Myanmar Oasis Co.,Ltd(Royal D)မှ ဒါရိုက်တာ ဦးဝေလင်းနှင့် Consultant ဒေါက်တာကျော်လင်းတို့အဖွဲ့က ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင် စုစုပေါင်း တန်ဖိုးငွေကျပ်(၃,၄၅၀,၀၀၀) တန်ဖိုးရှိ Digital Thermometer (၅)ခု၊ နှာခေါင်းစည်း Surgical Mask (၃၀၀၀)ခု၊ Royal-D (၅၀၀၀)ဗူး တို့အားလာရောက်လှူဒါန်းရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်ဒေါ်ကြူကြူဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
09/ Apr/ 2020
ရေနံချောင်း၊ ဧပြီ ၉
ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမောင်ကို ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၊ ဈေးများ၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများ၊ မြို့အဝင်၊အထွက်ဂိတ်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးနည်း သရုပ်ပြခြင်း၊ ပိုစတာများကပ်ခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ ရောဂါမဖြစ်ပွားအောင် ပြုမူနေထိုင်ရမည့်အချက်များကို အသိပညာပေးဟောပြောခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် မတ်လ၂၇ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျှက်ရှိပါသည်။