09/ Sep/ 2020

ဘားအံမြို့နယ်အတွင်း COVID-19 ကာကွယ်ရေးအသိပညာပေးခြင်းများ ကြက်ခြေနီဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်တိုက်နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် ရွာတွင်းတစ်လျှောက်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေးလမ်းညွန်ချက်များအားအသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်းသရုပ်ပြခြင်းများကို ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဇေယျာမိုးမြင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၁ဦးက ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၉ရက်နေ့ကဆောင်ရွက်ခဲ့ကြပါသည်။

Read More

  09/ Sep/ 2020

တောင်ကြီးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆက်လက်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့ ဆောင်းဖိုးဈေးရှေ့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် ရေမလိုလက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးစေခြင်းတို့ကို တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် ကျောက်တလုံးမြို့၊ နောင်ကားကျေးရွာ၊ နောင်ကားဈေး၊ ဖါမွန်းကျေးရွာ၊ နောင်ပစ်ကျေးရွာများတွင်လည်း COVID-19 ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးပိုစတာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  09/ Sep/ 2020

မင်းဘူးတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၉ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မြို့မဈေးဝင်းအတွင်း ဈေးဝယ်လာရောက်ကြသူများနှင့် ဈေးသူ/သားများအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများမျှဝေပေးခြင်းတို့ကို မင်းဘူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးသန်းဌေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  08/ Sep/ 2020

ပဲခူးတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၈ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ကုန်းပေါ်တန်းစျေး၊ရုံးကြီးရပ်ကွက်စျေးနှင့် ဆေးရုံကြီးရှေ့တို့တွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများဝေခြင်း၊ ဆပ်ပြာခဲများပေးဝေခြင်းတို့ကို ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  08/ Sep/ 2020

ဘားအံမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း ကြက်ခြေနီပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်လုံလမ်းဆုံတွင် COVID-19 ရောဂါကာကွယ်ရေးအဖြစ် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ၊ အသိပညာပေးနှိုးဆော်ချက်များ၊ နှာခေါင်းစည်းများအ ခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်း သရုပ်ပြသခြင်းနှင့် အသိပညာပေးသီချင်းဖြင့်သရုပ်ဖော်ခြင်းများကို ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဇေယျာမိုးမြင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်၁၀ဦးက ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ ၈ရက်နေ့ကပြုလုပ်ခဲ့ကြပါသည်။

Read More

  08/ Sep/ 2020

တောင်ကြီးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူးဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀) ဦးက COVID-19 ရောဂါကာကွယ်ရေးအဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နောင်ယာဆိုင်းကျေးရွာလမ်းဆုံတွင် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် ကျောင်းထိုဘုန်းတော်ကြီးကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ ၅ ဦးအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More

  08/ Sep/ 2020

ကုသမှုခံယူပြီး COVID-19 ရောဂါကင်းစင်လာသူများအား ကြက်ခြေနီက နေရပ်အသီးသီးသို့ပို့ဆောင်ပေး

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူပြီး COVID-19 ရောဂါကင်းစင်ကာ ကျန်းမာလာသူ ကျား ၂၆ဦး၊ မ ၃၇ဦး၊ စုစုပေါင်း ၆၃ဦးအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၆ဦးတို့က အသင်းပိုင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။

Read More

  07/ Sep/ 2020

မြောက်ဦးတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆောင်ရွက်

၂၀၂၀ပြည်နှစ် စက်တင်ဘာလ ၇ရက်နေ့က မြောက်ဦးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်အေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ရပ်ကွက်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  07/ Sep/ 2020

နေရပ်ပြန်များအား ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၇ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ၈၆ဦးတို့အား ကော့သောင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုကြီးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်း၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းတို့ကို ပေးအပ်ခြင်း၊ COVID-19 ရောဂါကာကွယ်‌ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More