10/ May/ 2021
10/ May/ 2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြိတ်မြို့မှ ဖွင့်လှစ်သော ဖျားနာအခမဲ့ဆေးခန်းတွင် ဆေးခန်းပြသသူများကို COVID -19ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြသနိုင်ရန် ၂၀၂၁ခုနှစ်၊ မေလ(၁၀)ရက်နေ့မှစပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
09/ May/ 2021
09/ May/ 2021
၂၀၂၁ ခုနှစ်၊ မေလ(၉)ရက်နေ့က ချောင်းဆုံမြို့နယ်မှ အသက်(၇၀) အရွယ်အဘိုးအား ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၂ဦးက ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် မော်လမြိုင်မြို့ရှိ မြဆည်းဆာဘိုးဘွားများခိုလှုံရာရိပ်သာသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။
09/ May/ 2021
အရေးပေါ်အခြေအနေတစ်ခုဖြစ်လာရင် အခြေခံရှေးဦးပြုစုနည်းဟာ လူ့အသက်တွေကိုကယ်တင်နိုင်ပါတယ်။ အထူးသဖြင့်ဆေးရုံတွေ (သို့မဟုတ်) ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာတွေနဲ့ ဝေးကွာတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လပိုင်းတုန်းက ဘူးသီးတောင်မြို့က မြို့နယ်ကြက်ခြေနီအသင်းခွဲနဲ့အတူ ရှေးဦးပြုစုနည်းသင်တန်းနှစ်ခုကို ကြက်ခြေနီ၀န်ထမ်းတွေ၊ စေတနာလုပ်အားရှင်တွေနဲ့ ဘူးသီးတောင်မြို့နယ်က တိုက်ပွဲရှောင်စခန်းတွေမှာနေထိုင်တဲ့ ရပ်ရွာကိုယ်စားလှယ်အယောက် ၂၀အပါအ၀င် စုစုပေါင်း လူအယောက် ၄၀အတွက် သင်တန်းပို့ချပေးနိုင်ခဲ့ပါတယ်။ ရပ်ရွာကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်က သူသင်ယူခဲ့ရတဲ့ ဗဟုသုတအသစ်တွေကို သူ့ရပ်ရွာလူထုတွေကို ပြန်လည်ဝေမျှပေးဖို့ စိတ်အားထက်သန်နေပါတယ်။ “ဒီသင်တန်းမှာအရမ်းပျော်ပြီး ကြက်ခြေနီအဖွဲ့ဆီက သင်ယူခွင့်ရတဲ့အတွက် ပျော်မိပါတယ်။ ကျွန်တော်တို့ရွာကလူတွေကို တစ်ချိန်မှာ ကျွန်တော်ပြန်ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပတ်တီးစည်းပေးတာတို့၊ သွေးတိတ်အောင်လုပ်ပေးတာတို့ ၊ ကျိုးနေတဲ့ လက်ကိုမလှုပ်ရှားစေဖို့ထိန်းပေးတာတို့ကို ကူညီပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒီရှေးဦးပြုစုနည်းသင်တန်းဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်” လို့ သုံးရက်တာသင်တန်းပြီးတဲ့အခါမှာ သူကပြောပါတယ်။ ရှေးဦးပြုစုနည်းသင်တန်းတွေဟာ ရပ်ရွာလူထုအတွက် မိမိတို့နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ရဲ့ လက်တွဲလုပ်ဆောင်နေတဲ့ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရှေ့လတွေမှာ နောက်ထပ်သင်တန်းတွေကို ထပ်မံပို့ချပေးဖို့စီစဉ်ထားပါတယ်။
08/ May/ 2021
၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅) ဦးတို့သည် မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း၊ ကျန်းမာရေးချို့တဲ့သူများအား လိုအပ်သည့် ဆန်နှင့်ငွေကြေးထောက်ပံ့ခြင်း၊ ထိခိုက်ဒဏ်ရာရသူ တစ်ဦးအား ရှေးဦးပြုစုပေးကာ ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ပြီး ဆေးကုသစရိတ် (ငွေကျပ် ၅၅၀၀၀ိ/ ) လှူဒါန်းပေးခြင်း၊ စစ်ဘေးရှောင်စခန်းတွင် ယာယီလူနေဆောင်များ ကူညီဆောက်လုပ်ပေးခြင်း၊ အိမ်သာများစနစ်တကျဖြစ်စေရေးအတွက် အမိုးအကာများထောက်ပံ့ပေးခြင်း၊ Covid - 19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း စသော လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြပါသည်။
08/ May/ 2021
၂၀၂၁ ခုနှစ် မေလ ၈ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့တွင်းလူစည်ကားသောနေရာများနှင့် ရပ်ကွက်များတွင် ကျန်းမာရေးအသိပညာပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်ဖြင့်လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်အသုံးပြုကြရန်နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။
08/ May/ 2021
08/ May/ 2021