13/ Nov/ 2020

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အချို့ ကြက်ခြေနီ အမှတ်အသားပါ အေပရွန်ဝတ်ဆင်မှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း (သတင်းထုတ်ပြန်ချက် ၀၁/၂၀၂၀)

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အချို့ ကြက်ခြေနီ အမှတ်အသားပါ အေပရွန်ဝတ်ဆင်မှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း (သတင်းထုတ်ပြန်ချက် ၀၁/၂၀၂၀)    

Read More

  11/ Oct/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များသို့ ဂုဏ်ပြု အားပေးစကား (၂/၂၀၂၀)

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီစေတနာလုပ်အားရှင်များသို့ ဂုဏ်ပြု အားပေးစကား (၂/၂၀၂၀) ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၁)ရက်   ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ COVID 19 ကူးစက်မြန် ကပ်ရောဂါဆိုးကြောင့် နိုင်ငံ တစ်ဝှမ်း ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြရာမှာ ကျွန်တော်တို့ရဲ့ ပြည်နယ်/ တိုင်းဒေသကြီးနှင့် ခရိုင် အသီးသီးက ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ အမှုဆောင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များက နေ့ရော ညပါ ကျန်းမာရေး အသိပညာပေးခြင်း နယ်စပ်ဒေသနှင့် မြို့အဝင်အထွက် ဂိတ်များ၌ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သံသယလူနာရှာဖွေရာမှာ ပါဝင် ဆောင်ရွက်ပေးခြင်း၊ စောင့်ကြပ်ကြည့်ရှုရေးစင်တာ(Quarantine Centre) များ၌ လိုအပ်သည့် အကူအညီများပေးခြင်း၊၊ စိတ်ပိုင်းဆိုင်ရာအားပေး နှစ်သိမ့်ပေးခြင်း အစရှိသည့် လုပ်ငန်းများကို လူသားချင်းစာနာသောစိတ်ဖြင့် မေတ္တာတရားရှေ့ထားကာ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိနေကြသည်ကို တွေ့မြင်ရသည့်အတွက် ပါဝင်ဆောင်ရွက်ပေးနေကြသူ တစ်ဦးတစ်ယောက်တိုင်းကို ရှေးဦးစွာ မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်။ လက်ရှိ ဖြစ်ပွား ပြန့်နှံ့နေသည့် ကပ်ရောဂါသည် သဘာဝဘေးအန္တရာယ်များနှင့် မတူညီသော ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့်အတွက် အလွန်အန္တရာယ်များသော်လည်း ပြည်သူတွေ ရဲ့အသက်အိုးအိမ်စည်းစိမ်အတွက် ဆရာဝန်များ၊ သူနာပြုများက အသက်နဲ့ရင်းကာ ကူညီ စောင့်ရှောက် ကုသပေးနေချိန်မှာ ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များကလည်း တိုင်းပြည်အတွက် တစ်ဒေါင့် တစ်နေရာမှ ပြည်သူတွေရဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို ကူညီပံ့ပိုး စောင့်ရှောက်ပေးနေကြတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။   များမကြာခင် ဩဂုတ်လပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ရောဂါကူးစက်မှုနှုန်း လျင်မြန်စွာ ပြန့်ပွားခဲ့သည့်အတွက် ပြည်သူအများအပြား ရောဂါ ကူးစက် ခံခဲ့ရပြီး အသက်ဆုံးရှုံးမှုများစွာ မြင့်တက်ခဲ့ရပါသည်။ ထို့အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် Facility Quarantine Center များ ဖွင့်လှစ်ကာ ကုသမှုများ လုပ်ဆောင် ခဲ့ကြရပြီး အဆိုပါ Facility Quarantine Center များတွင် နေ့ရော ညပါ ကူညီဆောင်ရွက် ပေး နေကြသော ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များ၊ ကြက်ခြေနီ တပ်ဖွဲ့မှူးများနှင့် ကြီးကြပ်ဦးဆောင်ပေးကြသော ကြက်ခြေနီ ခေါင်းဆောင်များကိုလည်း အထူး အလေးထား မှတ်တမ်းတင် ဂုဏ်ယူပါသည်။ လက်ရှိမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှု မြင့်မားနေချိန်မှာ ရပ်ဝေးမှ ရန်ကုန်သို့ လာရောက်ကာ Quarantine Centre များတွင် ဆရာဝန်၊ သူနာပြုများနှင့်အတူ အလှည့်ကျ လာရောက် ကူညီပေးနေကြသော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာ လုပ်အားရှင်(၄၉)ဦး၊ နေပြည်တော်တိုင်းမှကြက်‌ခြေနီစေတနာလုပ်အားရှင်(၃၅)ဦးနှင့် မွန်ပြည် နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၄၁)ဦးတို့အား အထူးပင် လေးစား ဂုဏ်ယူရပါသည်။ ၎င်းအပြင် ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များကို ကြီးကြပ်အုပ်ချုပ်ပေးနေသည့် တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင် တို့မှ ကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်အသင်းခွဲ ဥက္ကဌနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ အားလုံးက အချိန်နဲ့တပြေးညီ ပံ့ပိုပေးနေကြမှု အပေါ် အားရကျေနပ်မိသလို စစ်မှန်သော ကြက်ခြေနီ ခေါင်းဆောင်ကောင်းများကို ရွေးချယ်တင်မြှောင့်ထားနိုင်ခဲ့သည် ဆိုသော အသိက ပီတိဖြစ်စေ ခဲ့ပါသည်။ ဆက်လက်ပြီးလည်း ယခု ကဲ့သို့ အားဖြည့် ပံ့ပိုးပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါသည်။ အသင်းဌာနချုပ်ဘက်မှလည်း ကြက်ခြေနီစေတနာလုပ်အားရှင်များရဲ့ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါသည်။ ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေ နဲ့လည်း ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးကြပါ၊ ကိုယ်တိုင်လည်း ရောဂါကူးစက်မှု မရှိအောင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန် ကြားထားသည့် လမ်းညွှန်ချက် စည်းမျဉ်းစဉ်းကမ်းများကို တသွေမတိမ်း လိုက်နာဆောင်ရွက် ကြပါ၊ ပြည်သူက အားကိုး အားထားရသော စည်းကမ်းရှိသော အရည်အသွေးပြည့်ဝသော ကြက်ခြေနီစေတနာလုပ်အားရှင်များအဖြစ် “လူတိုင်းအတွက် အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ” ဆိုသော ကြက်ခြေနီ ဆောင်ပုဒ်နဲ့အညီ ဘဝရဲ့ နေထိုင်မှု ပုံစံသစ် (New Normal Life Style) မှာ အကူအညီလိုအပ်သူများအတွက် တက်နိုင်တဲ့ဘက်မှ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရအောင်ပါ။ ရင်ဆိုင်ကြုံတွေ့နေရသည့် ရောဂါကပ်ဆိုးကြီး ကမ္ဘာပေါ်မှ အမြန်ဆုံး ကင်း‌ဝေး ပ‌ပျောက်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း ဝိုင်းဝန်းကူညီပေးနေကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များ၊ ဝန်ထမ်းများ၊ ပံ့ပိုးကူညီပေးကြသူများ အားလုံးကို အားပေးစကား ပြောကြားရင်း မှတ်တမ်းတင် ချီးကျူးဂုဏ်ပြုပါသည်။ ‌ ဒေါက်တာမောင်မောင်မြင့် ဥက္ကဋ္ဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  09/ Apr/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် COVID-19 ရောဂါကာကွယ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင် များအား သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူတက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်လျှက်ရှိရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် သင်္ကန်းကျွန်းမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့် ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာ တင်ညွန့်၊ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကျော်မိုးကြည်နှင့် တာဝန်ရှိသူများ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာဖွံဖြိုးတိုးတက်ရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်နှင့် အတူ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျေးဇူးတင် အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် အသင်းမှပံ့ပိုးသည့်အထောက်အကူပြုပစ္စည်းများ၊ ကိုကာကိုလာကုမ္ပဏီမှ လှူဒါန်းသည့်ရေသန့်နှင့်အချိုရည်များ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဌ ဦးတင်မောင်မှလှူဒါန်းသည့်လက်သန့်ဆေးရည် ဗူး ၅၀၀ တို့ကိုပေးအပ်ခဲ့ပါသည်။ အသင်းဥက္ကဌသည် ယနေ့နံနက်ပိုင်းကလည်း တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ဖွင့်လှစ်ထား သည့် တိုင်းအဆင့်အရေးပေါ်ကွပ်ကဲမှုကြက်ခြေနီစင်တာကိုသွားရောက်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများအား တွေ့ဆုံကာ လိုအပ်ချက်များကိုညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ နိုင်ငံတစ်ဝန်းဒေသအသီးသီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပြည်သူများနှင့်အတူ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

Read More

  09/ Apr/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Royal-Dမှ ပစ္စည်းများလာရောက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Myanmar Oasis Co.,Ltd(Royal D)မှ ဒါရိုက်တာ ဦးဝေလင်းနှင့် Consultant ဒေါက်တာကျော်လင်းတို့အဖွဲ့က ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင် စုစုပေါင်း တန်ဖိုးငွေကျပ်(၃,၄၅၀,၀၀၀) တန်ဖိုးရှိ Digital Thermometer (၅)ခု၊ နှာခေါင်းစည်း Surgical Mask (၃၀၀၀)ခု၊ Royal-D (၅၀၀၀)ဗူး တို့အားလာရောက်လှူဒါန်းရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်ဒေါ်ကြူကြူဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ Image may contain: 2 people, people sitting and indoor

Read More

  07/ Apr/ 2020

10th Sharing Information on COVID-19 (Myanmar)

Read More