နွေးထွေးတဲ့မနက်ခင်းနေရောင်ခြည်အောက်မှာ ဖော်ရွေတဲ့အပြုံးတွေနဲ့ သူတို့တွေလုပ်ငန်းစတင်ဆောင်ရွက်နေကြပါပြီ။

  04/ Dec/ 2020

သူတို့တွေကတော့ ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဖြစ်ပြီး……….
ဆောင်ရွက်ကြတာကတော့ လူမှုကရုဏာလုပ်ငန်းတွေပေါ့………..
အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်မှာ မိဘပြည်သူတွေကို ရောဂါနဲ့ပတ်သက်ပြီးအသိပညာပေးတာတွေ၊ အခြေအနေတွေကို သတိပေးတာတွေ၊ ဆောင်ရွက်ဖို့လိုအပ်တဲ့အရာတွေကို နှိုးဆော်တိုက်တွန်းတာတွေ ဆောင်ရွက်နေကြတဲ့ သူတို့ကို လမ်းတွေ၊ ဈေးတွေနဲ့ ရုပ်မြင်သံကြားတွေမှာ တွေ့မြင်နိုင်မှာပါ။
ဒါကတော့ ပဲခူးတိုင်းဒေသကြီး၊မိုးညိုမြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေပါ…
သူတို့လိုပဲ မြန်မာပြည်အနှံ့အပြားမှာရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ရောဂါကာကွယ်ရေးအတွက် ပြည်သူလူထုကို နှိုးဆော်နေကြသလို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေမှာလည်း တက်ကြွစွာကူညီနေကြပါတယ်။
လူမှုဝန်ထမ်းစိတ်အပြည့်နဲ့ ရှေ့တန်းကနေ မိဘပြည်သူတွေအတွက် အဆင်သင့်ရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့ သူရဲကောင်းတွေကို လက်ခုပ်တီးပြီး အားပေးဂုဏ်ပြုလိုက်ရအောင်။