ကြက်ခြေနီက ပုလောမှာ COVID-19ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

  06/ Dec/ 2020

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ကြက်ခြေနီအသင်းခွဲဒုတိယဥက္ကဌ ဦးခင်မောင်ဦး ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ဗိုလ်ချုပ်လမ်း၊ မြို့မစျေး၊ အမှတ်(၃)ရပ်ကွက်သိမ်ဝလမ်း၊ ကမ်းနားလမ်း၊ စပယ်လမ်းတလျှောက်တို့မှာ ပြည်သူများအား COVID-19ရောဂါကာကွယ်ဖို့ နှာခေါင်းစည်းများပေးဝေခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အသိပညာပေး ပိုစတာများကပ်ခြင်း၊ အသိပညာပေးသီချင်းနဲ့ အသိပညာပေးတာတွေကို ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။