ပဲခူးတိုင်းတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

  10/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ ဈေးများ၊ ကားဂိတ်များနှင့် လူအများသွားလာနိုင်သောနေရာများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ြခင်း၊ ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းတို့ကို သာယာဝတီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှဦး နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ ညောင်လေးပင်မြို့နယ်ရှိ ကားဂိတ်များ၊ ဆိုက်ကားဂိတ်များတွင် နှာခေါင်းစည်းများဝေပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးပိုစတာများကပ်ခြင်းတို့ကို ညောင်လေးပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ကျောက်တံခါးမြို့နယ်အတွင်းရှိ လူအများသွားလာနိုင်သောနေရာများတွင်လည်း ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို ကျောက်တံခါးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစန်းလွင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပဲခူးမြို့နယ်ရှိ ဖက်တန်းဈေးနှင့် ဟင်္သာကုန်းထိပ်တို့တွင် ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများ ဆပ်ပြာခဲများပေးဝေခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။