|
RMS

ပြင်ဦးလွင်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများ ဖွင့်လှစ်ပို့ချပေး

  27/ Feb/ 2022

ပြင်ဦးလွင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ရှေးဦးပြုစုခြင်းပညာရပ် တတ်မြောက်သူ တိုးပွားလာစေရေးရည်ရွယ်ချက်ဖြင့် ရှေးဦးပြုစုခြင်းသင်တန်းမျာကို မြို့နယ်အတွင်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချလျှက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆေးတစ်လုံးကျေးရွာနှင့် ပင်လိန်ကျေးရွာတို့မှ လူငယ်များအတွက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၃) ကြိမ်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်း (၃) ကြိမ်တွင် ကျေးရွာများမှ လူငယ်အမျိုးသား (၄၁) ဦးနှင့် အမျိုးသမီး (၆၄)ဦးတို့ကို ရှေးဦးပြုစုခြင်းပညာရပ်များ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ကျင်းပခဲ့ရာ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးကျော်ကျော်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးသောင်းမြင့်သိန်းနှင့် မြို့နယ်မှတာဝန်ရှိသူများတက်ရောက်ကြပြီး ထူးချွန်သူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။