၂၀၂၂ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်မှ ပေါင်ရိုးကျိုးဝေဒနာရှင် လူနာအမျိုးသားတစ်ဦးအား လသာမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အသင်းခွဲပိုင် ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် အရိုးရောဂါအထူးကုဆေးရုံ (ကြည့်မြင်တိုင်) သို့ ရက်ချိန်းပြသရန်အတွက် ပို့ဆောင်ကူညီပေးခဲ့ပါသည်။
