ပခုက္ကူ၊ ၂၀၂၃ခုနှစ်၊ မေလ(၂၄)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် မေလ(၁၄)ရက်နေ့ညပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ရွှေချောင်း ချောင်းရေ မြင့်တက်ပြီး ချောင်းနဘေးရှိ လူနေအိမ်အချို့ မျောပါ ပျက်စီးခဲ့ရာ ထိခိုက်ခံစားရသော အိမ်ထောင်စု (၆) စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ပစ္စည်းများကိုပခုက္ကူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေစေတနာလုပ်အားရှင်များက မေလ(၂၄)ရက်နေ့တွင် သွားရောက် ထောက်ပံ့ ပေးခဲ့ပါသည်။
ထိုသို့ ထောက်ပံ့ရာတွင် အိမ်ထောင်စု(၁)စုလျှင်တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မီးဖိုချောင်
သုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်း(၁)စုံ၊ တာပေါ်လင်စ(၁)ချပ်၊ စောင်(၂)ထည်၊ ခြင်ထောင်(၁)လုံး၊ ရေပုံး(၁)ပုံး တို့ကို ထိခိုက်ခံစားရသော အိမ်ထောင်စု(၆)စုအတွက် လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ပါသည်။