|
RMS

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေသူများအား ကြက်ခြေနီက နှာခေါင်းစည်းများထောက်ပံ့

  12/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က သထုံခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်လှ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၄) ဦးတို့က မွန်ပြည်နယ်ရှိ စစ်တောင်းတံတားသစ်နှင့် စစ်တောင်းတံတားဟောင်းလမ်းဆုံရှိ စစ်ဆေးရေးဂိတ်များ၊ စစ်တောင်းကျေးရွာလူမှုကူညီရေးအသင်းနှင့် သိမ်ဇရပ်မြို့ ခိုင်မြဲသောလက်များလူမှုကူညီရေးအဖွဲ့တို့မှ COVID – 19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအတွက် နှာခေါင်းစည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့အပြင် စစ်တောင်းတံတားဟောင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ကြက်ခြေနီစေတနာလုပ်အားရှင် (၃)ဦးအတွက် ခေါက်ဆွဲခြောက်(၃)ဖာကိုလည်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။