07/ Feb/ 2020
သံဖြူဇရပ်၊ ဖေဖော်ဝါရီလ ၇
မြန်မာနိုင်ငံကြက်ခြေနီအသင်း သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသူနာပြုတပ်ဖွဲဝင်များနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုဗယ် ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ကို သံဖြူဇရပ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှစ်ကိုင်းကျောင်းခန်းမတွင် ကျောင်းသား/ကျောင်းသူ များ၊ ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၃၁၀) ဦးတို့အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့နံက် ၁၁းဝဝက သံဖြူဇရပ်မြို့နယ် လူထုကျန်းမာရေးဋ္ဌာနဦးစီးအရာရှိ ဒေါက်တာ အောင်ထက်ကောင်း၊ ကျန်းမာရေးအဆင့် ၁ ဒေါ်နန်းစံတပ်၊ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှုးဦးစိုးမင်ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၆) ဦးတို့မှ ဟောပြောခဲ့ကြပါသည်။