|
RMS

ရခိုင်ပြည်နယ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

  07/ Dec/ 2020

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၇ရက်နေ့က ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မြောက်ဦးမြို့နယ်များ မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည်သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းဝတ်ဆင်ရန်နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် မောင်တောမြို့မှ ကြက်ခြေနီစေတနာ့လုပ်ရှင်များကလည်း မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ရင်း အမှတ်(၅)တွင် ကိုဗစ် ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။