|
RMS

ဘားအံမြို့နယ်အတွင်း COVID-19 ကာကွယ်ရေးအသိပညာပေးခြင်းများ ကြက်ခြေနီဆက်လက်ဆောင်ရွက်

  09/ Sep/ 2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်တိုက်နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် ရွာတွင်းတစ်လျှောက်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေးလမ်းညွန်ချက်များအားအသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်းသရုပ်ပြခြင်းများကို ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဇေယျာမိုးမြင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၁ဦးက ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၉ရက်နေ့ကဆောင်ရွက်ခဲ့ကြပါသည်။