|
RMS

တောင်ကြီးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆက်လက်ဆောင်ရွက်

  09/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့ ဆောင်းဖိုးဈေးရှေ့တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် ရေမလိုလက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးစေခြင်းတို့ကို တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထို့အပြင် ကျောက်တလုံးမြို့၊ နောင်ကားကျေးရွာ၊ နောင်ကားဈေး၊ ဖါမွန်းကျေးရွာ၊ နောင်ပစ်ကျေးရွာများတွင်လည်း COVID-19 ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးပိုစတာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။