|
RMS

ညောင်လေးပင်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ကြက်ခြေနီက ခြေနင်းလက်ဆေးဘေစင်များ လှူဒါန်း

  03/ Dec/ 2020

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၃ရက်နေ့က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ တော်ဝိအခြေခံပညာအထက်တန်းကျောင်းနှင့် ပိန်းဇလုပ်အခြေခံပညာအထက်တန်းကျောင်းများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ ပေးပို့လှူဒါန်းသော ခြေနင်းလက်ဆေးဘေစင်များကို ညောင်လေးပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်လွှဲပြောင်းပေးခဲ့ကြရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။