01/ Oct/ 2021
၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် မောင်အောင်မြင့်မြတ်သည် ပင်လုံဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် လူနာအတွက် အရေးပေါ် လိုအပ်လျက်ရှိသည့် (O)အမျိုးအစား သွေး (၁)လုံးကို လှူဒါန်းပေးခဲ့ပါသည်။
29/ Sep/ 2021
28/ Sep/ 2021
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့ ည (၁၀)နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ် မီးဖွားရန်လိုအပ်သဖြင့် သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက အသင်းခွဲပိုင်လူနာတင်ယာဥ်ဖြင့် သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြပါသည်။
22/ Sep/ 2021
21/ Sep/ 2021
19/ Sep/ 2021
19/ Sep/ 2021
၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့က အမှတ်(၂) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား မြဝတီမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးတို့က စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိနိုင်ရန်ညွှန်းပို့ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။