16/ Sep/ 2023
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလလမ်ပူမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့မှ စက်တင်ဘာလ(၁၅)ရက်နေ့အထိ ကျင်းပခဲ့သော 2023 Movement Induction course(MIC)သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ MIC သို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်တင်တင်လေး၊ အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ ဒေါက်တာတင်မောင်လှိုင်၊ ဒေါက်တာစိုးလှိုင်နှင့် ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့် တို့ပါဝင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းထားသည့် ရန်ပုံငွေများကို အချိန်မီသုံးစွဲခြင်းနှင့် အစီရင်ခံခြင်း၊ အချိန်မီအသုံးပြုရေးအတွက် စီမံခန့်ခွဲမှုအဆင့်များ၊ နိုင်ငံတကာတွင် ရပ်တည်ခြင်းနှင့် အလုပ် အမှုဆောင် အဖွဲ့ဝင်များနှင့် အထွေထွေအတွင်းရေးမှူးရုံး၏ တာဝန်များ၊ ရန်ပုံငွေလိုအပ်ချက် များတိုးတက်ကောင်းမွန်စေရေးတို့ကိုဆွေးနွေးခဲ့ပါသည်။ ထို့အပြင် IFRC အာရှပစိဖိတ်ဒေသရုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွင် လိုက်နာမှုရှိမရှိ စောစီးစွာ သိရှိနိုင်မည့် စနစ်တီထွင်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သံတမန်ရေးရာစသည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ပါသည်။ အသင်းဥက္ကဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် Malaysia Red Cross Society ၏ လူငယ်လှုပ်ရှားမှုများ၊ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး (Vaccination and Health Unit)၏ အောင်မြင်မှုများ၊ ရွှေ့ပြောင်းနေထိုင်ခြင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေး လုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။
20/ Jun/ 2023
16/ Jun/ 2023
16/ Jun/ 2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည် အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းနှင့် အဖွဲ့ဝင်(၂)ဦး တို့နှင့်အတူ နီပေါနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့မှ ဇွန်လ(၁၅)ရက်နေ့အထိ ကျင်းပခဲ့သော Dialogue Platform on Anticipatory Humanitarian Action အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးက “Anticipation for heatwaves in urban areas”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အစည်းအဝေး၏ Side Meeting တွင် အသင်းဥက္ကဌနှင့် အချိန်ပြည့်အလုပ်အမှုဆောင်တို့သည် IFRC မှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကိုတက်ကြွစွာဆွေးနွေးခဲ့ပါသည်။ အဆိုပါ Side Meeting သို့ အသင်းဥက္ကဌ ၊ အချိန်ပိုင်း အလုပ်အမှုဆောင်နှင့်အတူ နီပေါနိုင်ငံ Head of IFRC country office ဖြစ်သူ Mr. Azmat Ulla ၊ External Relations and Liaison Manager (Country Delegation Nepal) ဖြစ်သူ Mr. Krishna Kumar K.C ၊ Country coordinator (Swiss Red Cross, Nepal)ဖြစ်သူ Mr. Kamal Baral ၊ Health Program Manager (Canadian Red Cross, Nepal) ဖြစ်သူ Mr.Ramesh Neupane တို့လည်း တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးကာလအတွင်း အသင်းဥက္ကဌနှင့် အဖွဲ့သည် Nepal Red Cross အတွင်းရှိ Nepal Blood Bankကိုလည်းကြည့်ရှုလေ့လာခဲ့ပါသည်။
15/ Jun/ 2023
15/ Jun/ 2023
15/ Jun/ 2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဘေးအန္တရာယ်ကျရောက်သူများအား အခြေခံလိုအပ်လျှက်ရှိသော ထောက်ပံ့ပစ္စည်းများကို ကူညီထောက်ပံ့ပေးလျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့နယ်မှ စလင်းချောင်းရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၁၄၀) စုအား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ တာပေါ်လင်စများ၊ စောင်များနှင့် သောက်ရေခွက်များကို မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်ချောခင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဇွန်လ (၁၃) ရက်နေ့က သွားရောက်ပေးအပ်ခဲ့သည်။
15/ Jun/ 2023
14/ Jun/ 2023