09/ Jul/ 2020
လွိုင်ကော်၊ ဇူလိုင် ၉ လွိုင်ကော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ၉ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပညာရေးကောလိပ်အတွင်း ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ပိုးသတ်ဆေးဖြန်းပေးခြင်း၊ COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။
08/ Jul/ 2020
ရန်ကုန်၊ ဇူလိုင် ၇
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများအပါအဝင် အသင်းက ဆောင်ရွက်နေသည့် ကြက်ခြေနီလှုပ်ရှားမှုများ နှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို Video Conferencing ဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် အသင်းရန်ကုန်ရုံးခွဲ၌ ပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ အသင်းဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အထွေထွေအတွင်းရေးမှူးပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်နှင့်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ တပ်ဖွဲ့မှူးများနှင့် အုပ်ချုပ်ရေးအထောက်အကူပြုအရာရှိများ တက်ရောက်ဆွေနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးက COVID-19 ရောဂါကာကွယ်ရေး အပါအဝင် ဒေသအတွင်း ကြက်ခြေနီလှုပ်ရှားမှု ဆောင်ရွက်ချက် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး အသင်းဌာနချုပ်ဘက်မှလည်း လိုအပ်သော ထောက်ပံ့မည့် အစီအစဉ်များအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
07/ Jul/ 2020
ရန်ကုန်၊ ဇူလိုင် ၇ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်လျှက်ရှိသော COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်တွင်း/ပြည်ပမှအလှူရှင်များ လှူဒါန်းထားသည့် ရောဂါကာကွယ်ရေးပစ္စည်း များအား ပြည်နယ်/တိုင်း ဒေသကြီးရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများသို့ စဥ်ဆက်မပြတ်ဆက်လက်ဖြန့်ဝေပေးပို့လျှက်ရှိပါသည်။ ၂၀၂၀ပြည်နှစ်၊ ဇူလိုင်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဦးဝင်းဆန်းဦး Operation Manager (COVID-19 ရောဂါကာကွယ်ရေးနှင့်တုန့်ပြန်ရေး ) နှင့်တာဝန်ရှိသူများသည် အလှူရှင်များလှူဒါန်းထားသည့် COVID-19ရောဂါကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများဖြစ်သော ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ (Surgical Mask) ၊ N 95 Mask၊ မျက်နှာကာ (Face Shield)၊ PPE ၊ လက်သန့်စင်ဆေးရည် (Hand Gel)၊ လက်ကိုင် စကားပြောစက် (Hand Speaker)၊ မျက်မှန် (Goggle)၊ Sprayer၊ Apron အစရှိသည်တို့ကို ပဲခူးတိုင်းဒေသကြီးရှိ သာယာဝတီ၊ အုတ်ဖို၊ မင်းလှ၊ မိုးညို၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်းမြို့နယ်များမှ ကြက်ခြေနီအသင်းခွဲများသို့ သွားရောက်ပေးပို့ဖြန့်ဝေခဲ့ပါသည်။
26/ Jun/ 2020
မကွေး၊ ဇွန် ၂၆
၂၀၂၀ပြည့်နှစ်၊ဇွန်လ၂၆ ရက်နေ့ကမကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်းကာ COVID-19ရောဂါကာကွယ်ရေးအတွက် ယာယီဈေးအတွင်းလက်သန့်ဆေးရည်များပေးဝေခြင်း၊ နှာခေါင်းစည်းများစနစ်တကျအသုံးပြုရေးအသိပညာပေးခြင်းနှင့်အခြေခံလူတန်းစားများအားငွေကြေးထောက်ပံမှုလုပ်ငန်းများတွင်ကူညီပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။
14/ Jun/ 2020
နေပြည်တော်၊ဇွန် ၁၄ ၂၀၂၀ပြည့်နှစ်၊ဇွန်လ၁၃ရက်နေ့ကပြည်ထောင်စုနယ်မြေနေပြည်တော်ဥတ္တရသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှမြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးစောသန်း ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင် ၅ဦးတို့သည်COVID-19ရောဂါကာကွယ်ရေးအတွက်ဥတ္တရသီရိမြို့နယ် ရွှေတပင်စျေးတွင်စျေးသည်များအားအဝတ်နှာခေါင်းစည်းများကိုပေးဝေခဲ့ကြပါသည်။
13/ Jun/ 2020
နေပြည်တော်၊ ဇွန် ၁၃
၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ချို၊ ဦးဇော်အောင်၊ဦးတင်ငွေ ၊ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ လယ်ဝေးမြိုနယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်သိန်းမြင့်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့သည် COVID-19ရောဂါကာကွယ်ရေးအတွက် လယ်ဝေးမြို့တွင် ပြည်သူများအား အသိပညာပေးခြင်းများနှင့် အဝတ်နှာခေါင်းစည်းများ ပေးဝေခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။