|
RMS

  11/ Mar/ 2022

ကြက်ခြေနီက ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေး အသိပညာပေး သင်တန်းပြုလုပ်

မန္တလေး၊ ၂၀၂၂ခုနှစ်၊ မတ်လ (၉) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (နည်းပြ)သင်တန်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်မှု လျော့ပါးရေး အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ မတ်လ (၉) ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ရတနာသိင်္ဂီဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။
  သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာ ဦးသိန်းထွန်းဆောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်းဌာနချုပ် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန စီမံကိန်းမန်နေဂျာ ဦးထွန်းလွင်ဦးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ကိုယ်စားလှယ်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး (၃) ခု၊ ခရိုင်နှင့် မြို့နယ်များတွင် အသုံးပြုရန်အတွက် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း ဆေးအိတ် (၁၁၇) အိတ်အား ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံခဲ့ပါသည်။
  အဆိုပါသင်တန်းဖွင့်ပွဲကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌများနှင့် ကြက်ခြေနီတပ်ဖွဲမှူးများ၊ အသင်းဌာနချုပ် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းသား/သူ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ပါသည်။ (၄)ရက်တာပြုလုပ်မည့် အဆိုပါ သင်တန်းတွင် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူ (၂၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရပါသည်။

Read More

  11/ Mar/ 2022

အခြားသူများကို ကူညီဖို့ကျွန်ုပ်တို့ကိုယ်တိုင် ဂရုစိုက်ဖို့လိုပါတယ်။

အခြားသူများကို ကူညီဖို့ကျွန်ုပ်တို့ကိုယ်တိုင် ဂရုစိုက်ဖို့လိုပါတယ်။ #RedCrossVolunteer #MRCS

Read More

  10/ Mar/ 2022

ကြက်ခြေနီက သွေးလှူဒါန်း

နေပြည်တော်၊ မတ်လ (၁၀) ရက်။
ယနေ့ မတ်လ (၁၀) ရက်နေ့က နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) သွေးလှူဘဏ်တွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အထောက်အကူပြုအရာရှိ ဦးလင်းအောင်က A သွေးလိုအပ်နေသည့် အရိုးကင်ဆာလူနာ အဘွားအိုအတွက် သွေးလှူဒါန်းပေးခဲ့ပါသည်။

Read More

  10/ Mar/ 2022

ကြက်ခြေနီက ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်ခံစားရသူများအား ထောက်ပံ့ငွေပေးအပ်

ကျောက်ကြီး၊ မတ်လ (၉) ရက်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မတ်လ (၉) ရက်နေ့ နံနက် (၁၀) နာရီက ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်ခံစားရသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါထောက်ပံမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်သည့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် ထိခိုက်မှုလျော့ပါးရေးအသိပညာပေး အစီအစဥ်မှ ထောက်ပံ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ငွေကျပ် ၂၀၀,၀၀၀/- အပြင် ဆေးကုသစားရိတ် ငွေကျပ် ၁၅၀,၀၀၀/- နှင့် သေဆုံးသူအတွက် အတူနေ မိသားစုအား ငွေကျပ် ၃၀၀,၀၀၀/- တို့ အား တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More

  10/ Mar/ 2022

နေရပ်စွန့်ခွာပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ဆန်နှင့်ငွေသားများ ထောက်ပံ့ကူညီ

တောင်ကြီး၊ ၂၀၂၂ခုနှစ်၊ မတ်လ(၁၀)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့မှုအစီအစဉ်အဖြစ် ဆန်နှင့်ငွေသားများ ထောက်ပံ့ကူညီခြင်းကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစီအစဉ်အရ မတ်လ(၆)ရက်နေ့မှ မတ်လ(၉) ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နှင့် လွိုင်လင်မြို့ရှိ နေရပ်စွန့်ခွာ စခန်း (၄၀)ခုနှင့် နေအိမ်များတွင် နေထိုင်သူ အိမ်ထောင်စု (၇၆၆)စု ၊ လူဦးရေ (၂၉၆၈)ဦး အတွက် ဆန် (၂၅) ကီလို (၇၆၆) အိတ်နှင့် ငွေသား ၂၅,၀၀၀ကျပ် နှုန်းဖြင့် စုစုပေါင်း ၁၉,၁၅၀,၀၀၀ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့သို့ပေးအပ်ရာတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးညီညီ၊ အသင်းဌာနချုပ် ဘေးအန္တ
ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေရပ်စွန့်ခွာသူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More

  26/ Feb/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းကာဆန်များဆက်လက်ဖြန့်ဝေ

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းကာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် (၂၇) ခုတွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း (၁၀၀,၂၄၂ ) စုအတွက် ဒုတိယအကြီမ် ဆန်ဖြန့်ဝေမှုကို ယခုလ (၁၈) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် အမှတ် (၁၈) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၃,၇၅၄) စုအတွက် တစ်အိမ်ထောင်လျှင် ဆန် ၅၀ kg (၂၅) ပြည်နှုန်းဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ အဆိုပါ ဆန်ဖြန့်ဝေခြင်းမှာ လက်ရှိဖြန့်ဝေပြီးသည်အထိ အိမ်ထောင်စု စုစုပေါင်း (၈၈,၇၂၄) စု လူဦးရေ (၃၄၀,၄၇၄) စုဖြစ်ပါသည်။ ဆက်လက်ပြီး ကျန်ရှိသည့်အိမ်ထောင်စုများကို မတ်လ ပထမပတ်အတွင်း ပြီးစီးအောင်ဖြန့်ဝေသွားမည်ဖြစ်ပါသည်။

Read More