|
RMS

  11/ Sep/ 2020

စစ်တွေတွင် COVID-19 ရောဂါကင်းစင်ကျန်းမာလာသူများအား ကြက်ခြေနီက နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူပြီး COVID-19 ရောဂါပိုးကင်းစင်ကာ ကျန်းမာလာသူ ၃၅ဦးအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၁ရက်နေ့က ပူးပေါင်းကူညီပေးခဲ့ကြသည်။

Read More

  11/ Sep/ 2020

ကမမောင်းမြို့တွင် Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ မြို့ဝင်ဂိတ်၊ မနက်ခင်းစျေးနှင့် သံလွင်ဦးမြို့မစျေးတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် လမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ နေရာအနှံ အသိပညာပေးပိုစတာများကပ်ပေးခြင်းနှင့် ရေမလိုလက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်းတို့အား သရုပ်ပြခြင်းကို ဖာပွန်ခရိုင်ကြက်ခြေနီအသင်းခွဲမှ ဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးဇော်မင်းလတ်နှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးသက်စိုးဦး ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင် ၂၃ ဦးတို့က ဆောင်ရွက်ခဲ့ကြသည်။

Read More

  10/ Sep/ 2020

သံဖြူဇရပ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ လက်ဆေးဆပ်ပြာနှင့် ရေမလိုလက်သန့်ဆေးရည်များ ကြက်ခြေနီလှူဒါန်း

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ လက်ဆေးဆပ်ပြာနှင့် ရေမလိုလက်သန့်ဆေးရည်များ သွားရောက်လှူဒါန်းရာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် စခန်းတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။

Read More

  10/ Sep/ 2020

နေပြည်တော်တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ယမင်းအေး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဝင်းစိုး၊ ဇေယျာသီရိမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး၊ ပျဥ်းမနားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃၀ ဦး တို့သည် ဥတ္တရသီရိမြို့နယ်ရှိ ရွှေသဇင်စျေးနှင့် တောင်ညိုစျေး၊ ဇေယျာသီရိမြို့နယ်ရှိ လူစည်ကားရာနေရာများ၊ ကျောက်ချက်ကျေးရွာ၊ စည်ပင်သာယာကျေးရွာများနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ပုဗ္ဗသီရိစျေးတို့တွင် COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  10/ Sep/ 2020

ပဲခူးတိုင်းတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ ဈေးများ၊ ကားဂိတ်များနှင့် လူအများသွားလာနိုင်သောနေရာများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ြခင်း၊ ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းတို့ကို သာယာဝတီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှဦး နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အလားတူ ညောင်လေးပင်မြို့နယ်ရှိ ကားဂိတ်များ၊ ဆိုက်ကားဂိတ်များတွင် နှာခေါင်းစည်းများဝေပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးပိုစတာများကပ်ခြင်းတို့ကို ညောင်လေးပင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ကျောက်တံခါးမြို့နယ်အတွင်းရှိ လူအများသွားလာနိုင်သောနေရာများတွင်လည်း ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို ကျောက်တံခါးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစန်းလွင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပဲခူးမြို့နယ်ရှိ ဖက်တန်းဈေးနှင့် ဟင်္သာကုန်းထိပ်တို့တွင် ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ နှာခေါင်းစည်းများ ဆပ်ပြာခဲများပေးဝေခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။

Read More

  09/ Sep/ 2020

သံတောင်ကြီးမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ သံတောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးစောလားဘွယ်ထူး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးက ကရင်ပြည်နယ်၊ သံတောင်ကြီးမြိုု့နယ်၊ ရွာကြီးကျေးရွာအုပ်စုတွင် COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ သံတောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ခွဲမှူး ဦးခင်မောင်ဆန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးက သံတောင်ကြီးမြို့ဝင်ဂိတ်တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  09/ Sep/ 2020

ကမ္မမြို့တွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၉ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကမ္မမြို့ကြက်ခြေနီအသင်းခွဲ(ငယ်)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အသင်းရုံးရှေ့မှ ဖြတ်သန်းသွားလာသူများအား နှာခေါင်းစည်းများပေးဝေခြင်း၊ COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  09/ Sep/ 2020

တာချီလိတ်တွင် COVID-19 ရောဂါကာကွယ်ရေး ပါဝင်ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၉ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီက COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသော တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဒေါ်စန်းစန်းမြင့်က မိန့်ခွန်းအမှာစကားပြောကြားခဲ့ပြီး တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Read More

  09/ Sep/ 2020

မုဒုံတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈နှင့်၉ ရက်နေ့များတွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာနှင့် ကွေ့ဝမ်းကျေးရွာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းများကို မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ဆန်းထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၆) ဦးက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More