|
RMS

  20/ Nov/ 2020

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဥ်းမနားမြို့တွင် COVID- 19ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြပါတယ်။

မြို့တွင်း နေရာ ၄ နေရာမှာ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိတဲ့ ခရီးသွားပြည်သူ‌ေတွကိုအသိပညာ‌ေပးခဲ့ကြပြီး နှာခေါင်းစည်း‌ေတွ အခမဲ့‌ေပးဝေခဲ့ကြပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှဝန်ထမ်းများနဲ့အတူ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို၊ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်နိုင်ဦး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်၊ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၈ဦးတို့က ကူညီဆောင်ရွက်ခဲ့ကြတယ်။  

Read More

  20/ Nov/ 2020

ယခုအခါ COVID-19‌ကာကွယ်ရန်အတွက် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုများ နေရာအနှံ့ ပြုလုပ်နေကြတာကို တွေ့နေရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုနဲ့ ဌာနပေါင်းစုံပါဝင်ကာ တိုးရွှေဝါခန်းမရှေ့၊နာရီစင်အရှေ့၊အခွန်လွတ်စျေးရှေ့များမှာ ပြည်သူ‌ေတွကို နှာခေါင်းစည်း အခုရေ(၄၈၀၀)ပေးဝေရာမှာ မအူပင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းရွှေ နဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၂)ဦးတို့ကလည်း ပါဝင်ကူညီခဲ့ကြတယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Read More

  20/ Nov/ 2020

အသွားအလာကန့်သတ်စောင့်ကြပ်ရေးစင်တာမှာ ညဘက်တွေ ကူညီလုပ်ကိုင်နေရတဲ့အချိန် အတူကူညီလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက် ကြက်ခြေနီစေတနာလုပ်အားရှင် က လာရောက်အားပေးတဲ့အချိန်ဆို ပျော်ရွှင်အားတက်မိပါတယ်။ ရောဂါကာကွယ်ရေးအတွက် ရှေ့တန်းကနေဆောင်ရွက်နေချိန်မှာ တစ်ယောက်ကိုတစ်ယောက် ညစဉ်ညတိုင်း အချင်းချင်းကူညီစောင့်ရှောက်နေကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Read More

  19/ Nov/ 2020

နိုဝင်ဘာလ ၁၉ရက်နေ့က မိုင်းတုံမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ မိုင်းတုံမြို့နယ်မှာရှိတဲ့ လူအများဖြတ်သန်းသွားလာလေ့ရှိတဲ့ နေရာတွေမှာ ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရာမှာ နှာခေါင်းစည်းမဝတ်ဆင်ထားသူတွေကို နှာခေါင်းစည်းတွေအခမဲ့ပေးဝေခဲ့ပြီး အပြင်ထွက်တိုင်းဝတ်ဆင်အသုံးပြုဖို့ တိုက်တွန်းနှိုးဆော်တာတွေနဲ့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေ ရှောင်ကြဉ်ရမယ့်အချက်တွေကို ဗဟုသုတမျှဝေပေးခဲ့ကြပါတယ်။ အလားတူ မိုင်းပျဉ်းမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေကလည်း မိုင်းပျဉ်းမြို့အဝင်ဂိတ်ကနေ ဖြတ်သန်းသွားလာသူတွေကို ခရီးသွားမှတ်တမ်းတွေကောက်ယူခဲ့ကြပြီး ကိုယ်အပူချိန်တိုင်းပေးကာ လက်သန့်စင်ဆေးရည်များအသုံးပြုကြဖို့နဲ့ မကြာခဏလက်ကို စင်ကြယ်စွာဆေးကြောဖို့ တိုက်တွန်းခဲ့ကြကြောင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း အထောက်အကူပြုအရာရှိ ဒေါ်သန္တာအောင်ရဲ့ သတင်းပေးပို့မှုအရသိရှိရပါတယ်။

Read More

  19/ Nov/ 2020

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှာ COVID-19 ရောဂါကာကွယ်ရေးအတွက် မြို့ပေါ်ရှိ ဈေးများမှာ နှာခေါင်းစည်း(၄၆၀၀)ခု၊ မျက်နှာကာ (၄၀၀)ခု တို့ကို အခမဲ့ပေးဝေခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ခရိုင်ပြည်သူ့ကျန်းမာ‌‌ဦးစီးဌာနမှူးက ဦးဆောင်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အဖွဲ့(၃)ဖွဲ့ခွဲပြီးတော့ ဆောင်ရွက်ရာမှာ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းနိုင် ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၇ ဦး တို့ကလည်းပါဝင် ကူညီခဲ့ကြပြီး အသိပညာပေးသရုပ်ဖော်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြတယ်။

Read More

  18/ Nov/ 2020

👉👉 ဘားအံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ နေရာအနှံ့ဆောင်ရွက်နေမှုများအား နိုဝင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ရက်နေ့များတွင် ယခုလိုပဲတွေ့ခဲ့ရသည်။

⭐️⭐️ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြို့ဝင်ဒုံသမိစစ်ဆေးရေးဂိတ်၊ အမှတ်(၂) ရပ်ကွက် မြို့မဈေး၊ ဈေးတန်းလမ်းရှေ့နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း၊ ပိုးသတ်ဆေးဖြန်းပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များ ဖြန့်ဝေပြီး စနစ်တကျလက်ဆေးစေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ပေးခဲ့ကြကြောင်း ဒေါ်နန်းလှသန်းထံမှသိရပါသည်။

Read More

  18/ Nov/ 2020

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၈ရက်နေ့က ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနဲ့ စစ်တွေမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်နိုင်ဦး ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ စစ်တွေမြို့နယ်မှာရှိတဲ့ သာယာကုန်း(ကမန်းတိုင်းရင်းသား)ကျေးရွာမှာနေထိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေကို ကိုဗစ်၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနဲ့ ဗဟုသုတမျှဝေခြင်းတို့ကိုဆောင်ရွက်ဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ အဲ့ဒီလိုအသိပညာပေးဆောင်ရွက်ရာမှာ ရောဂါမဖြစ်ပွားဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့်အချက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြခဲ့ကြပြီး မကြာခဏလက်ဆေးဖို့၊ မလိုအပ်ဘဲအပြင်မထွက်ဖို့၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေထိုင်ကြဖို့နဲ့ အပြင်သွားတိုင်းနှာခေါင်းစည်းဝတ်ဆင်အသုံးပြုကြဖို့ တိုက်တွန်းခဲ့ကြပြီး ကြက်ခြေနီစေတနာလုပ်အားရှင်တွေကိုယ်တိုင်ချုပ်လုပ်ထားတဲ့ အဝတ်နှာခေါင်းစည်းတွေနဲ့ လက်သန့်စင်ဆေးရည်တွေကို မျှဝေပေးခဲ့ကြပါတယ်။ 💚 စစ်တွေမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရောဂါကာကွယ်ရေးဆောင်ရွက်ရာမှာ ကျရာနေရာက မညည်းမညူပါဝင်ဆောင်ရွက်နေကြတာဖြစ်ပြီး စစ်တွေမြို့နယ်က အသင်းရုံးခွဲမှာလည်း အဝတ်နှာခေါင်းစည်းတွေ ကိုယ်တိုင်ချုပ်လုပ်ကာ ရပ်ရွာလူထုကို ဝေမျှနေကြတာပဲဖြစ်ပါတယ်။

Read More

  17/ Nov/ 2020

ညောင်လေးပင်မြို့နယ်နှင့်ဇီးကုန်းမြို့နယ်များတွင် ကြက်ခြေနီက ကိုဗစ် ၁၉ရောဂါကာကွယ်ရေး ပါဝင်ဆောင်ရွက်လျက်ရှိ

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၇ရက်နေ့က ညောင်လေးပင်မြို့၊ကားဂိတ်နှင့်စျေးရှေ့မှ ဖြတ်သန်းသွားလာကြသူများအား ညောင်လေးပင်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်၁၉ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြည်နေထိုင်ရမည့်အချက်များ၊ ဗဟုသုတမျှဝေပေးခဲ့ပြီး နှာခေါင်းစည်း၊ လက်သန့်စင်ဆေးရည်များမျှဝေပေးခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ဇီးကုန်းမြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင်များသည် နိုဝင်ဘာလ ၁၇ ရက်နေ့က တိုက်ကြီးမြို့နယ်နှင့် သာယာဝတီမြို့နယ် မီးနင်းချောင်းဂိတ်မှ ပိုးတွေ့လူနာ၂ဦးအား မေတ္တာရှင်နာရေး ကူညီမှု အသင်းမှလာရောက်ပို့ဆောင်ခဲ့ရာ ဇီးကုန်းမြို့အဝင်ဂိတ်မှတစ်ဆင့် ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။  

Read More

  17/ Nov/ 2020

🎀🎀 ကိုဗစ်-၁၉ တိုက်ပွဲဝင်ဖို့ သူတို့လာကြပြီ 🎀🎀

🌺🌺 ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့ဟာ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်ကြီးမြို့နယ်မှ ထွက်ခွာလာခဲ့ကြပါတယ်။ 🌺🌺 တောင်ကြီးမြို့နယ်မှထွက်ခွာလာခဲ့ကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသက်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းမော်၊ ရန်ကုန်းတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌဦးကျော်မိုးကြည်နှင့် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်တို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နွေးထွေးစွာကြိုဆိုခဲ့ပြီး နေရာချထားခြင်းတို့ကို စီစဉ်ပေးခဲ့ကြပါတယ်။ 🌺🌺 အခုလို မိမိတို့နေရပ်နှင့် အလှမ်းဝေးလှတဲ့နေရာမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို လာရောက်ကူညီဆောင်ရွက်ပေးကြတဲ့ ကျွန်ုပ်တို့ရဲ့သူရဲကောင်းကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ယူစွာဖြင့် လက်ခုပ်တီးပြီးအားပေးလိုက်ကြရအောင်။

Read More