ကျေးရွာက လူနာတစ်ဦး ဆေးကုသမှု ခံယူရာမှာ လိုအပ်နေတဲ့ သွေးကို ကြက်ခြေနီတွေကလှူခဲ့တာကို သိရတာ ဝမ်းသာရပါတယ်။
(O) သွေး အရေးပေါ်လိုအပ်နေတဲ့ ပေါင်မြို့နယ်၊ ကျောက်စလှစ်ကျေးရွာမှ လူနာအတွက် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ဒီကနေ့ မေလ(၁၅)ရက်နေ့ မှာ မော်လမြိုင်မြို့နယ်၊ တော်ဝင်ဆေးရုံကို သွားရောက် လှူဒါန်းပေးခဲ့ကြပါတယ်။
လူနာအတွက် အမှန်တကယ်လိုအပ်နေတဲ့ “သွေး”ကို လိုအပ်တဲ့အချိန်မှာ လှူဒါန်းပေးခဲ့တဲ့ ကြက်ခြေနီများကို ကျေးဇူးတင်ပါတယ်။