|
RMS

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီများ‌ ဆောင်ရွက်

  07/ Dec/ 2020

ချောင်းဆုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ချောင်းဆုံမြို့နယ်၊ ကွမ်သဲကျေးရွာရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေကြသူများအား စိတ်ပိုင်းဆိုင်ရာအားပေးကူညီပေးခြင်း၊ အစားအသောက်များပေးဝေခြင်း၊ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည်များအား အသိပေးနှိုးဆော်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြပါသည်။
ထို့အပြင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူပြီး သတ်မှတ်ရက်ပြည့်မြောက်၍ နေအိမ်သို့ပြန်ရာတွင် အခက်အခဲ ရှိသူများအား ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ်ဖြင့် ၎င်းတို့၏နေအိမ်သို့ အခမဲ့ပို့ဆောင်ပေးခဲ့ကြသည်။